တက္ကသိုလ်ဝင်စာမေးပွဲနှင့် အလေးထားရမည့် ကျန်းမာရေး

တက္ကသိုလ်ဝင်စာမေးပွဲနှင့် အလေးထားရမည့် ကျန်းမာရေး

 အချို့ကျောင်းသားများ သည် တစ်နှစ်ပတ်လုံးစာ စာလုပ် မလာဘဲ ဖြေဆိုချိန်နီးကပ်သည့် အခါကျမှ စိတ်ပူ၍ အားသွန်ခွန်စိုက် ကြိုးစား သဖြင့် မလိုလားအပ်သော ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်လာစေသည်။

‘‘အိပ်ချိန်၊ စားချိန်မမှန်ဘဲ ကပ်ပြီးတော့မှ အသားကုန်လုပ်တဲ့ ဟာက ဘာမှအကျိုးမရှိဘူး။ အခန့်မသင့်ရင် ကျန်းမာရေးထိခိုက် သွားနိုင်တာပေါ့’’ဟု မင်္ဂလာဒုံမြို့ နယ်မှ အထွေထွေရောဂါကုဆရာ ဝန် ဒေါက်တာကောင်းထက်နိုင်က ပြောသည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း အချို့မိဘများသည် မိမိတို့၏ သားသမီးများကို ချော့၍တစ်မျိုး၊ ခြောက်၍ တစ်ဖုံနှင့် စာကျက်စေရန် ဖိအားပေးသည်လည်းရှိသည်။

ကလေးသုံးဦးမိခင် ဒေါ်အေးခိုင်သည် ပြီးခဲ့သည့်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် သားကို ဖိအားပေးခဲ့သဖြင့် စိတ်မကောင်း စရာဖြစ်ရပ် ကြုံခဲ့ရသည်။

‘‘အကြီးနှစ်ယောက်တုန်းက လည်း အမှတ်ကောင်းတယ်လေ။ နှစ်ချင်းပေါက်ပဲ။ အဲဒီတော့ သား အငယ်ကိုလည်း သူတို့လိုဖြစ်စေ ချင်တာ။ နေ့မအား၊ ညမအား အ တင်းဖိကျက်ခိုင်းမိတာ။ ကလေး က စာမေးပွဲခန်းလည်းရောက်ရော သုံးရက်မြောက်နေ့မှာ မူးလဲလို့ စာမေးပွဲဆက်မဖြေလိုက်ရတော့ ဘူး’’ဟု ဒေါ်အေးခိုင်က ပြော သည်။

ထို့ကြောင့် ယခုနှစ်တွင် သားဖြစ်သူအား ဖိအားမပေးတော့ဘဲ ပုံမှန် စာကျက်ခိုင်းခြင်းနှင့် ကျန်း မာရေးကို အလေးထားပြီး အနီး ကပ်ပြုစုစောင့်ရှောက်ခြင်းများ ပြုလုပ်သည်ဟု ဆိုသည်။

ဒေါ်အေးခိုင်ကဲ့သို့ သားသမီး ကို ပညာတတ်ဖြစ်စေချင်လွန်း သဖြင့် ဖိအားအမျိုးမျိုးပေးခဲ့သည့် မိဘများ၊ လက်ရှိတွင် ဖိအားပေး နေသည့် မိဘများ နေရာအနှံ့အ ပြားတွင် ရှိနေနိုင်ပါသည်။

‘‘မိဘတွေက ကလေးတွေကို ဖိအားမပေးဖို့ လိုပါတယ်။ ကြောက်ရတဲ့သူက ခြိမ်းခြောက် ရင် ကလေးတွေက ကြောက်လန့် ပြီး တစ်ခုခုတောင် ဖြစ်သွားနိုင် တယ်လေ’’ဟု ယခုနှစ် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသူ တစ်ဦး၏ အစ်မ မရတနာက ပြော သည်။

ညဥ့်နက်သန်းခေါင်အထိ စာ ကျက်စေခြင်း၊ ကော်ဖီတိုက်ခြင်း တို့သည် လွဲမှားသော လုပ်ရပ်များဖြစ်ကာ ကျန်းမာရေးဆိုးကျိုးများ ဖြစ်ပေါ်စေသဖြင့် မိဘများ သတိ ပြုရမည်ဖြစ်သည်။

‘‘ကလေးကို ညမအိပ်ဘဲ စာ ကျက်စေချင်လို့ဆိုပြီးတော့ ကျွဲ ရိုင်းတို့၊ လစ်ပိုတို့၊ ကော်ဖီတို့ ဒါ တွေတိုက်တဲ့အခါမှာ ကလေးက မအိပ်တော့ဘူး။ မအိပ်တော့ပေ မယ့် တစ်ခုရှိတာက မှတ်ဉာဏ်ကို သွားထိခိုက်ပြီးတော့ ကျက်ထား တာတွေ မေ့သွားတာမျိုးဖြစ်တတ် တယ်။ အိပ်လို့မပျော်ဘူး။ နှစ်ည၊ သုံးည မအိပ်တဲ့အတွက်ကြောင့် တကယ့်တကယ် စာမေးပွဲခန်းထဲ ရောက်တဲ့အချိန်ကျတော့ ကြောင် ပြီးတော့ စာမေးပွဲခန်းရောက်မှ အိပ်ပျော်သွားတာမျိုး၊ စာမေးပွဲ ခန်းထဲရောက်မှ စဉ်းစားတာ မထွက်တာမျိုးတွေ ဖြစ်နိုင်တယ်’’ ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ဝေဖြိုးမောင်က ရှင်းပြ သည်။

အိပ်ရေးပျက်ခံပြီး စာကျက် ပါက ဦးနှောက်၏ ဆောင်ရွက်ချက် ပုံမှန်မဟုတ်တော့ဘဲ မေ့လျော့ခြင်းဖြစ်ပေါ်တတ်ပြီး ကော်ဖီ သောက်ပါက ကော်ဖီထဲ၌ ကဖိန်းဓာတ်ပါသဖြင့် ယင်းဓာတ်သည် လည်း ဦးနှောက်ကို ထိခိုက်စေတတ်သည်။ ထို့အပြင် ကော်ဖီသည် အလွန်အကျွံသောက်သုံးပါက ရင်တုန်စေသည်။

‘‘လစ်ပိုတို့၊ ကျွဲရိုင်းတို့ တိုက် တာတို့လည်း ရှောင်သင့်တယ်။ အဲဒါတွေက နှလုံးခုန်မြန်ပြီးတော့ ကလေးကို နေမကောင်းဖြစ်စေ တယ်’’ဟု ဒေါက်တာဝေဖြိုးမောင် က ဆက်လက်ရှင်းပြသည်။

ကလေးများသည် စိတ်ဖိစီးမှု များပြားသဖြင့် အစာအိမ်မှ အက် စစ်ထုတ်ယူမှုများပြားလာပြီး အ စာအိမ်ရောဂါဖြစ်ပေါ်ခြင်း၊ အိပ် ရေးမဝသဖြင့် အားနည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

ထို့အပြင် ခြင် ကိုက်ခံရလျှင် သွေးလွန်တုပ်ကွေး ရောဂါနှင့် အခြားမသန့်ရှင်းသည့် အစားအစာ (အသုပ်၊ မုန့်ဟင်းခါး) များစားလျှင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနိုင်သည်။

ယခုရာသီသည် ရေကျောက် ရောဂါ ဖြစ်ပွားချိန်ဖြစ်သော ကြောင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ဆယ်ကျော်သက် ကျောင်းသားလူငယ် များ သတိပြုရမည်ဖြစ်သည်။

ရေကျောက်ရောဂါဖြစ်လျှင် နောက်ဆက်တွဲရောဂါများ မဝင် စေရန် အနာများကို ကုတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဖျားခြင်း၊ ယား ယံခြင်းဖြစ်ပေါ်လျှင် ပါရာစီတ မောလ်၊ ဘာမီတွန်ဆေးဝါး သောက်သုံးခြင်းများ ပြုလုပ်ပေး ရမည်ဖြစ်ပြီး ဆိုးရွားသော နောက် ဆက်တွဲလက္ခဏာများ ဖြစ်ပေါ် လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေး ခန်းသို့ သွားရောက်ပြသရမည်ဖြစ် သည်။

ဆောင်းအကုန်၊ နွေအကူး တွင် ဖြစ်ပွားတတ်သည့် ရေ ကျောက်ရောဂါသည် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူ များ သတိပြုရမည့် ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပေသည်။ ယင်းရောဂါဖြစ်ပွားချိန်သည် ၁၀ ရက်ခန့် ကြာမြင့်တတ်ပြီး စာမေးပွဲကာလသည်လည်း ၁၀ ရက်ခန့်ရှိသဖြင့် သတိပြုရမည်ဖြစ်သည်။

ကျောင်းသား၊ ကျောင်းသူ သည် စာမေးပွဲရက်အတွင်း ရောဂါပိုးများ မဝင်ရောက်စေရန် တစ် ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်သင့်ပြီး လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးကြောသင့်သည်။

ထို့အပြင် စာမေးပွဲရက်အတွင်း ဝမ်းပျက်ဝမ်းလျှော မဖြစ်ပွားစေရန် ဝမ်းပျက်စေနိုင်သော အသုပ်၊ မုန့်ဟင်းခါးနှင့် အချဉ်ရည် ကဲ့သို့သော အစားအစာများနှင့် ယင်နားစာများကို ရှောင်ကြဉ်ခြင်း၊ သွေးလွန်တုပ်ကွေး မဖြစ်ပွားစေ ရန် ခြင်ကိုက်မခံရအောင် ဂရုပြုနေ ထိုင်ခြင်းတို့ လိုအပ်သည်။

‘‘အဲဒီအချိန်မှာ ကိုယ်ခံအား ကောင်းအောင် နေရမယ်။ အစား လည်းနောက်ကျပြီး မစားနဲ့။ အိပ် တာကတော့ အနည်းဆုံး တစ်နေ့ ကို အိပ်ချိန် ရှစ်နာရီလောက်ရှိရ မယ်။ မိဘကိုယ်တိုင်ကလည်း ဖိအားတွေ အရမ်းမပေးရဘူး။ အားရှိမယ့် အစားအစာမျိုးကျွေးရ မယ်။ အရည်ရွှမ်းတဲ့ အသီးတွေ များများကျွေးပါ။ ကိုယ့်ကလေးရဲ့ အိပ်ချိန်ကို ဒီရက်ပိုင်းအတွင်းမှာ ပိုပြီးတော့ ဂရုစိုက်ပေးရမယ်’’ဟု ဒေါက်တာကောင်းထက်နိုင်က တိုက်တွန်းသည်။

ထို့အပြင် ဒေါက်တာဝေဖြိုး မောင်က‘အားဆေးလည်း တကယ်တော့ တိုက်စရာမလိုဘူး။ ဗီတာမင်စီလေးတော့ တိုက်လို့ရတယ်။ တိုက်ရင်ကလေးက ကိုယ်ခံအား လည်းကောင်းမယ်။ စာကျက် အားလည်းကောင်းမယ်။ အဓိက ကတော့ အိပ်ရေးဝဝအိပ်ဖို့၊ အစား ပုံမှန်စားဖို့နဲ့ အပြင်စာတွေ မကျွေးဖို့လိုတယ်’’ဟု မိဘများသို့ အကြံပြုသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7 day daily

News Read 4038 times