တက္ကသိုလ်ဝင်ခွင့်အကြောင်းပြန်ကြားစာ နိုဝင်ဘာလလယ်မှာ ပြန်ကြားပေးဖို့စီစဉ်

တက္ကသိုလ်ဝင်ခွင့်အကြောင်းပြန်ကြားစာ နိုဝင်ဘာလလယ်မှာ ပြန်ကြားပေးဖို့စီစဉ်

“ပြီးခဲ့တဲ့နှစ်က အချိန်အဆ လောက်ပဲကျမယ်၊ စောရင်လဲ ဆယ်ရက်ပါပဲ၊ တော်တော်များ များ ပြီးကုန်ကြပြီ”လို့ အဆင့်မြင့် ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးအဆင့်ရှိ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှာ အောင်မြင်သူတွေအနေနဲ့ တက္ကသိုလ်ပညာကို ဆက်တိုက် တက်ရောက်သင်ကြားနိုင် ခြင်းမရှိပါက နောက်ပညာသင်နှစ် တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသားအဖြစ် ဆက်လက်တက် ရောက်နိုင်ဖို့ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို မဖြစ်မနေ တင်သွင်းဖို့လို တာဖြစ်တယ်လို့ သိရပါတယ်။

READ - ၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ၀င်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

အခုပညာသင်နှစ်မှာ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကို လျှောက်ထားခြင်းမရှိတဲ့သူတွေကို နောက်ပညာသင်နှစ်တွေမှာ နေ့သင်တန်းပုံမှန်ကျောင်းသားအဖြစ် တက္ကသိုလ်ဒီဂရီကောလိပ်တွေမှာ တက်ရောက်ခွင့်မပြုဘူးလို့ ကြေ ညာထားတာဖြစ်ပါတယ်။

ပညာ ရေးဝန်ကြီးဌာနလက် အောက်မှာရှိတဲ့ တက္ကသိုလ်ဒီဂရီကောလိပ်တွေနဲ့ ကောလိပ်တွေမှာ ဝင်ခွင့်ရရှိပြီး အဲသည်ဝင်ခွင့်ရတဲ့ နှစ်တွေမှာ တက္ကသိုလ်တွေကို လာရောက် ဆက်သွယ်ခြင်းမပြုတဲ့ ကျောင်းသူ ကျောင်းသားတွေကို ကပ်လျက် ပညာသင်နှစ်မှာ ဝင်ခွင့်ရတဲ့ တက္ကသိုလ်တွေကို ဝင်ခွင့်ပြန်လည် လျှောက်ထားပါက မူလဝင်ခွင့်ရ အထူးပြုဘာသာရပ်တွေ အတိုင်းသာ တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က တက္ကသိုလ်ဝင်ခွင့်အကြောင်းပြန်ကြားစာတွေကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ မှာ ပြန်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 13155 times