တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် ကြီးကြပ်မည့် ကျောင်းအုပ်များနှင့်ဆရာ၊ ဆရာမ များကို သင်တန်းပေးမည်

တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနများတွင် ကြီးကြပ်မည့် ကျောင်းအုပ်များနှင့်ဆရာ၊ ဆရာမ များကို သင်တန်းပေးမည်

မြန်မာနိုင်ငံစာစစ်ဦး စီးဌာန ညွှန်ကြားရေးမှူး ဦးမိုး မြတ်ကျော်က ပြောသည်။

နေပြည်တော်နှင့် မန္တလေး မြို့အနီးရှိ တိုင်းဒေသကြီးနှင့် ပြည် နယ်များမှ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်မည့် ကျောင်းအုပ်ကြီး များ၊ ဆရာ၊ ဆရာမများကို သင်တန်းပေးမည်ဖြစ်သည်။

READ - ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ GLOBAL ENGLISH COURSE သင်တန်းကို ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် အွန်လိုင်းဖြင့် လျှောက်ထားနိုင်ပြီ

‘‘မနှစ်က စာစစ်ဌာနကြီးကြပ် ရေးမှူး လုပ်ခဲ့ပြီး ဒီနှစ်ဆက်လုပ် မယ့် ဆရာ၊ ဆရာမတွေလည်းပါ တယ်။ ဒီနှစ်မှ ကြီးကြပ်ရေးမှူး အဖြစ် တာဝန်ပေးမယ့် ဆရာ၊ ဆရာမတွေလည်းပါမယ်။ သင် တန်းဆိုတာထက် ဆွေးနွေးတဲ့ သဘောပါ။ ဒီစာမေးပွဲက အရေး ကြီးတော့ ကိုယ်တာဝန်ယူရတဲ့ စာစစ်ဌာနမှာ အကြောင်းတစ်ခုခု ကြုံလာရင် စာမေးပွဲစည်းကမ်းနဲ့ အညီ ဘယ်လိုဖြေရှင်း ရမယ်ဆို တာမျိုးတွေကို ဆွေးနွေးပေးမှာပါ’’ ဟု ဦးမိုးမြတ်ကျော်က ပြောသည်။

အဆိုပါသင်တန်းကို ရန်ကုန် မြို့တွင် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ပြီး အောက် မြန်မာပြည်ရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမ ၁,၄၀၀ ကျော် တက်ရောက်သည်။ ယခုလအတွင်း နေပြည်တော်နှင့် မန္တလေးတို့တွင် တစ်ကြိမ်စီ ပြု လုပ်မည်ဖြစ်သည်။

နိုဝင်ဘာ ၂၅ ရက်အထိ စာရင်းအရ ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် လျှောက်ထား သည့် ကျောင်းသား၊ ကျောင်းသူ ၈၄၀,၀၀၀ ကျော်ရှိပြီး စာမေးပွဲ ကျင်းပမည့်ရက်ကို ယခုလ အတွင်း ကြေညာမည်ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 3027 times