ယခုပညာသင်နှစ်အတွက် သင်္ချာအိုလံပစ်ပြိုင်ပွဲများ စတင်ကျင်းပတော့မည်

ယခုပညာသင်နှစ်အတွက် သင်္ချာအိုလံပစ်ပြိုင်ပွဲများ စတင်ကျင်းပတော့မည်

သင်္ချာအိုလံပစ်ပြိုင်ပွဲများကို အဌမတန်း၊ န၀မတန်းနှင့် ဒသမတန်းအဆင့် ကျောင်းသား/သူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။

၂၀၁၈-၁၉ ပညာသင်နှစ်၏ အခြေခံပညာကဏ္ဍသင်္ချာအိုလံပစ်ပြိုင်ပွဲများကို မြို့နယ်အဆင့်၊ တိုင်းဒေသကြီး ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ဟု အဆင့်သုံးဆင့်ဖြင့် ကျင်းပသွားမည်။

မြို့နယ်အဆင့်ပြိုင်ပွဲများကို သင့်တော်သလို စာမေးပွဲများ စစ်ဆေးရွေးချယ်၍ သင်္ချာထူးချွန်ကျောင်းသား/သူများကို အတန်းတစ်တန်းလျှင် ၁၀ ဦး ရွေးချယ်ယှဉ်ပြိုင်စေမည် ဖြစ်သည်။

"သင်္ချာအိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တာ မြန်မာနိုင်ငံက ကျောင်းသား/သူများက မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်။ ဒီနှစ်လည်း အဲဒီမှတ်တမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ဆရာ/မတွေအနေနဲ့ သေချာစိစစ်ရွေးချယ်ဖို့ လိုပါတယ်" ဟု ပြောသည်။

သင်္ချာအိုလံပစ်ပြိုင်ပွဲကို ၂၀၁၇-၁၈ ပညာသင်နှစ်က ဗဟိုအဆင့်အထိ ရွေးချယ်ခံခဲ့ရသော ကျောင်းသား/သူများကိုလည်း ပြန်လည်ရွေးချယ်နိုင်ပြီး ယင်းတို့ကို တိုင်းဒေသကြီးပြည်နယ်အဆင့်မှ စတင်ပြီး ၀င်ရောက်ယှဉ်ပြိုင်စေမည်။

ယခုနှစ်၏ သင်္ချာအိုလံပစ်ပြိုင်ပွဲ တိုင်းဒေသကြီး ပြည်နယ်အဆင့်ကို အောက်တိုဘာ ၂၇ ရက်တွင် ကျင်းပမည် ဖြစ်သည်။

အဌမတန်းအဆင့်ကို မြန်မာဘာသာဖြင့် နှစ်နာရီမေးခွန်း၊ န၀မတန်းနှင့် ဒသမတန်းအဆင့်ကို အင်္ဂလိပ်ဘာသာဖြင့် သုံးနာရီ မေးခွန်းတို့ဖြင့် စစ်ဆေးမည် ဖြစ်သည်။

ဗဟို အဆင့်ပြိုင်ပွဲများတွင် ဒီဇင်ဘာလ ၂၉ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

သင်္ချာအိုလံပစ်ပြိုင်ပွဲကို အခြားနိုင်ငံများ၏ ပညာရေးစနစ်အရ အသက် (၁၈) နှစ်မှ စတင်ပြီး ၀င်ရောက်ယှဉ်ပြိုင်ကြသော်လည်း မြန်မာနိုင်ငံမှ ကျောင်းသား/သူများသည် အသက် (၁၆) နှစ်ဖြင့် ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

၂၀၁၆ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံမှ ကျောင်းသား/သူများသည် သုံးကြိမ်မြောက်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယခင်နှစ်က သင်္ချာအိုလံပစ်ပြိုင်ပွဲကို (၅၉) ကြိမ်မြောက် အဖြစ် ကျင်းပခဲ့ပြီး  ဖြစ်သည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: democracy

News Read 3075 times