ေနျပည္ေတာ္တြင္ ဘဏ္လုပ္ငန္းႏွင့္ ဘ႑ာေရးဆိုင္ရာမဟာဘြဲ႔ႏွင့္ ဖြ႔ံၿဖိဳးမႈပညာမဟာဘြဲ႔ သင္တန္းမ်ားဖြင့္လွစ္မည္ျဖစ္ပါသည္။
မိတၳီလာစီးပြားေရးတကၠသိုလ္မွ ၂၀၂၀-၂၀၂၁ ပညာသင္ႏွစ္အတြက္ ပညာေရးဝန္ႀကီးဌာန ေနျပည္ေတာ္မွာ တန္းခြဲအျဖစ္မဟာဘြဲ႔ သင္တန္းမ်ားျဖစ္သည့္ ဘဏ္လုပ္ငန္းႏွင့္ ဘ႑ာေရးဆိုင္ရာ မဟာဘြဲ႔(MBF) ႏွင့္ ဖြ႔ံၿဖိဳးမႈပညာမဟာဘြဲ႔ MDevS သင္တန္းမ်ားကို ဖြင့္လွစ္မည္ျဖစ္သည့္အတြက္ ေလ်ွာက္လႊာမ်ားကို စတင္ေခၚယူေနၿပီျဖစ္ပါသည္။
MBF & MDevS သင္တန္းမ်ားကို အပတ္စဥ္ စေနႏွင့္ တနဂၤေႏြေန႔မ်ားတြင္ တက္ေရာက္ရမည္ျဖစ္ၿပီး သင္တန္းကာလ (၂) ႏွစ္ၾကာျမင့္မည္ျဖစ္သည့္ မဟာဘြဲ႔သင္တန္းမ်ား ျဖစ္သည္ဟု သိရပါသည္။
မဟာဘြဲ႔တက္ေရာက္သူမ်ားအေနျဖင့္ အသိအမွတ္ျပဳတကၠသုိလ္တစ္ခုခုမွ ဘြ႔ဲတစ္ခုခုရရွိသူျဖစ္ရမည္ျဖစ္ၿပီး အျခားတကၠသုိလ္တစ္ခုခုမွာသင္တန္းတက္ေရာက္ေနသူမျဖစ္ရန္ လိုအပ္ေၾကာင္း၊ သတ္မွတ္ထားသည့္ သင္ရိုးအတိုင္းအခ်ိန္ျပည့္ တက္ေရာက္ႏုိင္ရန္ လိုအပ္ေၾကာင္းသိရပါသည္။
အစိုးရဌာနျဖစ္ပါကအနည္းဆံုးျပန္တမ္းဝင္အရာရွိ လုပ္သက္ (၂) ႏွစ္ႏွင့္ ပုဂၢလိကလုပ္ငန္းဆိုပါက မန္ေနဂ်ာလုပ္သက္ အနည္းဆံုး (၂) ႏွစ္ရွိရမည္ဟု ထုတ္ျပန္ခ်က္တြင္ ပါဝင္ပါသည္။
MBF သင္တန္းမ်ားအတြက္ဘဏ္လုပ္ငန္း (သို႔) ဘ႑ာေရးဆိုင္ရာလုပ္ငန္းအေတြ႔အႀကံဳရွိရမည္ျဖစ္ပါသည္။ တက္ေရာက္လိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာ အႀကီးအကဲမ်ား၏ ေထာက္ခံခ်က္ပါရမည္ျဖစ္ၿပီး ေရးေျဖစာေမးပြဲ၊ ႏႈတ္ေျဖစာေမးပြဲေျဖဆိုရမည္ျဖစ္ပါသည္။
Bookshops (431) စာအုပ္အေရာင္းဆုိင္မ်ားႏွင့္ ပတ္သက္ျပီး (431) ခုရွာရန္ႏွိပ္ပါ။
ေရးေျဖစာေမးပြဲတြင္ အဆင့္မီသူမ်ားကို လူေတြ႔စစ္ေဆးျခင္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ၿပီး သင္တန္းသားဦးေရ ကန္႔သတ္ထားမည္ျဖစ္ပါသည္။
သင္တန္းႏွင့္ သက္ဆို္င္သည့္ ေလ်ွာက္လႊာပံုစံမ်ားကို စတင္ထုတ္ယူႏိုင္ၿပီး စေန၊ တနဂၤေႏြ အပါအဝင္ရက္မ်ားမွာ ေနျပည္ေတာ္ အ.ထ.က (၈) တြင္ လာေရာက္ထုတ္ယူႏုိင္မည္ဟု သိရပါသည္။
ဝင္ခြင့္ေရးေျဖစာေမးပြဲကို ဒီဇင္ဘာ (၈) ရက္မွာ မိတၳီလာစီးပြားေရးတကၠသုိလ္တြင္ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရပါသည္။
Source: Internet
**Unicode**
နေပြည်တော်တွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ သင်တန်းများဖွင့်လှစ်မည်ဖြစ်ပါသည်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန နေပြည်တော်မှာ တန်းခွဲအဖြစ်မဟာဘွဲ့ သင်တန်းများဖြစ်သည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့(MBF) နှင့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ MDevS သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်သည့်အတွက် လျှောက်လွှာများကို စတင်ခေါ်ယူနေပြီဖြစ်ပါသည်။
MBF & MDevS သင်တန်းများကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကာလ (၂) နှစ်ကြာမြင့်မည်ဖြစ်သည့် မဟာဘွဲ့သင်တန်းများ ဖြစ်သည်ဟု သိရပါသည်။
မဟာဘွဲ့တက်ရောက်သူများအနေဖြင့် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွ့ဲတစ်ခုခုရရှိသူဖြစ်ရမည်ဖြစ်ပြီး အခြားတက္ကသိုလ်တစ်ခုခုမှာသင်တန်းတက်ရောက်နေသူမဖြစ်ရန် လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့် သင်ရိုးအတိုင်းအချိန်ပြည့် တက်ရောက်နိုင်ရန် လိုအပ်ကြောင်းသိရပါသည်။
အစိုးရဌာနဖြစ်ပါကအနည်းဆုံးပြန်တမ်းဝင်အရာရှိ လုပ်သက် (၂) နှစ်နှင့် ပုဂ္ဂလိကလုပ်ငန်းဆိုပါက မန်နေဂျာလုပ်သက် အနည်းဆုံး (၂) နှစ်ရှိရမည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်ပါသည်။
MBF သင်တန်းများအတွက်ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိရမည်ဖြစ်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် သက်ဆိုင်ရာ အကြီးအကဲများ၏ ထောက်ခံချက်ပါရမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေစာမေးပွဲဖြေဆိုရမည်ဖြစ်ပါသည်။
Bookshops (431) စာအုပ်အရောင်းဆိုင်များနှင့် ပတ်သက်ပြီး (431) ခုရှာရန်နှိပ်ပါ။
ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများကို လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားမည်ဖြစ်ပါသည်။
သင်တန်းနှင့် သက်ဆိုင်သည့် လျှောက်လွှာပုံစံများကို စတင်ထုတ်ယူနိုင်ပြီး စနေ၊ တနင်္ဂနွေ အပါအဝင်ရက်များမှာ နေပြည်တော် အ.ထ.က (၈) တွင် လာရောက်ထုတ်ယူနိုင်မည်ဟု သိရပါသည်။
ဝင်ခွင့်ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ (၈) ရက်မှာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။
Source: Internet