ဖွင့်လှစ်မယ့် သင်တန်းတွေကတော့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုမဟာဘွဲ့(EMBA)၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ (EMPA)၊ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ (EMDevs) တွေဖြစ်ပါတယ်။
သင်တန်းတွေကို အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူတွေ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ အသက် ၃၀ ပြည့်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။
တက်ရောက်လိုသူများအနေဖြင့် အစိုးရ၀န်ထမ်းဖြစ်မယ်ဆိုရင် ပြန်တမ်းဝင်အရာရှိ လုပ်သက် ၈ နှစ် ရှိရမှာ ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းဖြစ်ပါက Executive Level (စီမံခန့်ခွဲမှုအဆင့်) လုပ်သက် (၈) နှစ် ရှိရမှာဖြစ်ပါတယ်။
လျှောက်လွှာများကို ဇူလိုင်လ ၁၀ နေ့ရက်မှ စတင်ရယူနိုင်မှာဖြစ်ပြီး သြဂုတ်လ ၇ ရက်နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမှာ ဖြစ်ပါတယ်။
လျှောက်လွှာတွေကိုတော့ EMBA သင်တန်းအတွက် စီမံခန့်ခွဲမှုပညာဌာန (ပတ္တမြားဆောင်) ၊ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) ၊ EMPA သင်တန်းအတွက် အသုံးချဘောဂဗေဒဌာန (အခန်း ၁၁၂) ၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ (ကမာရွတ်နယ်မြေ) အင်းလျားလမ်း၊ EMDevS သင်တန်းအတွက် ဘောဂဗေဒဌာန (အခန်း-၁၀၆)၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အင်းလျားလမ်း မှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းဝင်ခွင့်ရေးဖြေ စာမေးပွဲကို ၂၀၁၇ ခုနှစ် သြဂုတ် ၁၃ ရက်မှာ EMBA သင်တန်းကို ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) ၊ EMPA နှင့် EMDevS သင်တန်းကို ရန်ကုန်စီးပွားရေး တက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Contact Detail
ဖုန်း - (EMBA-၆၆၁၇၃၆၊ ၆၆၄၆၈၄၊ ၆၆၀၈၂၂) (EMPA- ၅၁၂၆၃၃၊ ၀၉-၄၃၁၂၇၂၃၆) (EMDevS-၅၁၀၂၁၃) ရုံးဖုန်း - ၅၃၆၄၃၆
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal