ရန်ကုန်တက္ကသိုလ် မဟာဘွဲ့သင်တန်းများသို့ ယခင် နှစ်များက ပညာရေးဝန်ကြီးဌာန အောက်ရှိမည်သည့် တက္ကသိုလ် မှမဆို ဘွဲ့တစ်ခုရပြီး မဟာဘွဲ့ သင်တန်းတက်ရန် အဆင့်မီပါက တက်ခွင့်ပြုသော်လည်း ယခုနှစ် တွင် ထိုသို့တက်ခွင့်ပြု၊ မပြုမသေ ချာသေးဟု ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာန လက် ထောက်မော်ကွန်းထိန်းဦးအောင် စိုးကပြောသည်။
ရန်ကုန်တက္ကသိုလ် မဟာ ဘွဲ့သင်တန်းများကို နှစ်စဉ်ဒီဇင် ဘာတွင် ဖွင့်လှစ်ပြီး ရန်ကုန် တက္ကသိုလ်မှ ဘွဲ့ရသူအပြင် အခြားတက္ကသိုလ်မှ ဘွဲ့ရများပါပြီးခဲ့သည့် ၂၀၁၇ - ၁၈ ပညာ သင်နှစ်အထိ မဟာဘွဲ့သင်တန်း လက်ခံသင်ပေးခဲ့သည်။
တက္က သိုလ်တစ်ခုမှ ဂုဏ်ထူးတန်းဘွဲ့ ကို အနိမ့်ဆုံးဒုတိယအဆင့်ဖြင့် အောင်မြင်သူများ၊ မဟာအရည် အချင်းစစ်သင်တန်းအောင်မြင် သူများ၊ စနစ်သစ်ဥပဒေပညာ ပဉ္စ မနှစ်သင်တန်းနှင့် ဘွဲ့လွန်ဒီပလို မာသင်တန်းများတွင် မဟာသင် တန်းတက်ရောက်ရန် အဆင့်မီသူများကို တက္ကသိုလ်နောက်ဆုံးတက်ခဲ့သည့်အချိန်နှင့် အများဆုံး သုံးနှစ်အထိကွာဟပါက ရန်ကုန်တက္ကသိုလ်မဟာဘွဲ့သင်တန်းတက်ရောက်ခွင့်ပြုခဲ့သည်။
သို့သော် ၂၀၁၃ - ၁၄ ပညာ သင်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန် ကုန်တက္ကသိုလ်ဘွဲ့ကြိုသင်တန်း များမှ အရည်အချင်းမီသူများ သည်လာမည့် ၂၀၁၈ ဒီဇင်ဘာ၌ မဟာဘွဲ့သင်တန်းတက်မည်ဖြစ် ရာ အခြာတက္ကသိုလ်ဘွဲ့ရများကို လက်ခံရန် မသေချာခြင်းဖြစ် ကြောင်း ဦးအောင်စိုးကရှင်းပြ သည်။
‘‘ဒီနှစ်က ရန်ကုန်တက္ကသိုလ် က ဘွဲ့ကြိုသင်တန်းတက်နေတဲ့ သူတွေလည်း မဟာတန်းရောက် လာတော့မှာဆိုတော့ တခြား တက္ကသိုလ်တွေကလက်ခံမလား၊ လက်မခံဘူးလားဆိုတာ မသေ ချာဘူး။ ပါမောက္ခချုပ်ကို တင်ပြ ရဦးမှာ။ ရန်ကုန်တက္ကသိုလ်မှာ အရင်က ဘွဲ့ကြိုတွေမရှိတော့ တခြားတက္ကသိုလ်ကသူတွေကို လက်ခံပေးခဲ့တာ’’ ဟု ဦးအောင် စိုးကဆိုသည်။
ယခင်နှစ်များက ထိုမဟာ ဘွဲ့သင်တန်း ၀င်ခွင့်လျှောက်လွှာ များကို အောက်တိုဘာအတွင်း ခေါ်ယူလေ့ရှိသော်လည်း ယခုနှစ် တွင် သင်တန်းဝင်ခွင့် ခေါ်ယူရန် ပါမောက္ခချုပ်ထံထပ်မံတင်ပြပြီး ခွင့်ပြုချက်ရမှသာ အခြား တက္ကသိုလ်ဘွဲ့ရများကို ၀င်ခွင့် လျှောက်လွှာခေါ်မည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် မြန် မာစာ၊ အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ် ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်း ပညာ၊ နိုင်ငံတကာဆက်ဆံရေး ပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေသနပညာ၊ စာကြည့်တိုက် နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေ ဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတုဗေ ဒ၊ ကွန်ပျူတာသိပ္ပံပညာဌာနများ က မဟာဘွဲ့သင်တန်းဖွင့်လှစ် သင်ကြားနေသည်။ မဟာဘွဲ့ သင်တန်းများကို အချိန်ပြည့် ၂ နှစ်တက်ရောက်ရသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day