မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံရေးလေ့လာမှု ပညာမဟာဘွဲ့သင်တန်းကို မန္တလေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ရန်စီစဉ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံရေးလေ့လာမှု ပညာမဟာဘွဲ့သင်တန်းကို မန္တလေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်ရန်စီစဉ်

ထိုမဟာဘွဲ့သင်တန်းကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး ပညာသင်နှစ်အဖြစ် နှစ်နှစ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလမှာ ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီမာစတာက မြန်မာနိုင်ငံမှာတော့ ပထမဦးဆုံးပေးမှာ ဖြစ်ပါတယ်။

ဖွင့်လှစ်နိုင်ဖို့အတွက် အဆင့်မြင့်ပညာဦးစီးဌာနကို စတင်ထားပြီးဖြစ်ပါတယ်။ ခွင့်ပြုချက် ကျတာနဲ့ တရားဝင် သတင်းစာထဲမှာ ထည့်ပြီး ကြေညာပေးသွားမှာပါ။

READ - ၂၀၁၈ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ၀င်ခွင့်လျှောက်လွှာများခေါ်ယူခြင်း

နိုင်ငံရေးဘွဲ့လွန်ဒီပလိုမာ ပြီးသူတွေအတွက် ပေါင်းကူးအနေနဲ့ ပေးတာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ၀င်ခွင့်ဖြေဆိုရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာမှုပညာ မဟာဘွဲ့သင်တန်းကို တက်ရောက်လိုသူများအနေဖြင့် နိုင်ငံရေးဘွဲ့လွန် ဒီပလိုမာ (DPS)၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဘွဲ့လွန်ဒီပလိုမာ ရရှိထားသူ ဖြစ်ရမည် ဖြစ်သည်။

ထိုမဟာဘွဲ့တက်ရောက်လိုသူများအနေဖြင့် လျှောက်လွှာများကို မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာနတွင် အောက်တိုဘာလ ၂၃ ရက်နေ့အထိ ရောင်းချပေးသွားမည် ဖြစ်သည်။

ဝင်ခွင့်ရေးဖြေဆိုခြင်းကို နိုဝင်ဘာလ ၁၄ ရက်မှ နံနက် ၇ နာရီမှ ၉ နာရီ အထိ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Government School Read 3068 times