မဟာပညာရေးဘွဲ့နှစ်နှစ်သင်တန်းကို ပညာရေးဝန်ထမ်းလုပ်သက်တစ်နှစ်ရှိသူများ လျှောက်ထားနိုင်

မဟာပညာရေးဘွဲ့နှစ်နှစ်သင်တန်းကို ပညာရေးဝန်ထမ်းလုပ်သက်တစ်နှစ်ရှိသူများ လျှောက်ထားနိုင်

၂၀၁၈-၁၉ ပညာသင်နှစ်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် မဟာပညာရေး ဘွဲ့နှစ်နှစ်သင်တန်းကို ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ သင်ပြနည်းဘာသာရပ်သုံးခုအား ဖွင့်လှစ်ပို့ချမည် ဖြစ်သည်။

သက်ဆိုင်ရာ ခရိုင်အလိုက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ဆရာ၊ ဆရာမများအနက် ပညာရေးဝန်ထမ်းဆောင်ပြီးသူများ၊ ပညာရေးဘွဲ့ရရှိပြီး မဟာပညာရေးဘွဲ့သင်တန်းတွင် တက်ရောက်ရန် အဆင့်မီသူများ၊ မဟာဒဿနပညာရေးဘွဲ့ရရှိသူပြီးသူများ လျှောက်ထားနိုင်ပါသည်။

“ခေါ်တာကတော့ ဒီကျောင်းကနေ သင်တန်းဆင်းပြီးသားသူတွေကို ပြန်ပြီးခေါ်တာပေါ့။ ဒီကျောင်းကနေ ဘီအီးဒီငါးနှစ်သင်တန်းက ဆင်းသွားတဲ့ သူတွေက ဒေသအသီးသီးမှာ ရှိကြတယ်။ သူတို့တွေထဲက လုပ်သက်တစ်နှစ်တာဝန်ထမ်းဆောင်ပြီးတဲ့သူတွေ ကို လျှောက်ထားခွင့်ပေးတာ။ လျှောက်မယ်ဆိုရင်တော့ ကိုယ့်မြို့နယ် မှာရှိတဲ့ ပညာရေးမှူးတွေကနေ တစ်ဆင့် လျှောက်ထားရမှာပါ” ဟု ပြောကြားသည်။

READ - ဒီဇင်ဘာလမှစ၍ ပညာရေးကောလိပ်ငါးခု၏ သင်ရိုးညွှန်းတမ်းပြောင်းမည်

ယင်းသင်တန်းကို လျှောက်ထားလာသူများထဲတွင် မဟာဒဿနပညာရေးဘွဲ့ရရှိပြီးသူများ ပါဝင်ပါက ၀င်ခွင့်အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် မလိုအပ်ဘဲ သတ်မှတ်ချက်နှင့်ကိုက်ညီသော အခြားလျှောက်ထားသူများသည် မေလ ၇ ရက်နှင့် ၈ ရက်နေ့များတွင် အင်္ဂလိပ်စာဘာသာရပ်၊ သက်ဆိုင်ရာ အထူးပြု ဘာသာရပ်များကို အရည်အချင်းစစ် စာမေးပွဲအဖြစ် ဖြေဆိုရမည်ဖြစ်သည်။

ထိုသင်တန်းတက်ရောက်ရာတွင် လျှောက်ထားသူများအနေဖြင့် လျှောက်လွှာတွင် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ရှိ ပညာဌာနများတွင် တာဝန်ထမ်းဆောင်လိုခြင်း ရှိ၊ မရှိကို ဖော်ပြလျှောက်ထားရ မည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲအောင်မြင်သူများထဲမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်တွင် တာဝန်ထမ်း ဆောင်လိုသူများကို ဦးစားပေး ရွေးချယ်သွားမည်ဖြစ်သည်။

ဝင်ခွင့်လျှောက်ထားလိုသူများသည် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးတွင် လျှောက်ထားနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: democracy today

News Read 5018 times