ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူ

ရန်ကုန်စီးပွားရေးတက္ကသိုလ် ဘဏ်လုပ်ငန်းဆိုင်ရာ မဟာဘွဲ့သင်တန်းဝင်ခွင့်လျှောက်လွှာခေါ်ယူ

- ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ပညာ မဟာဘွဲ့ (Master of Banking and Finance –MBF)

၂. အဆိုပါသင်တန်းကို အောက်ပါ အရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်သည်။

(က) အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူများ၊

(ခ) ဘဏ်လုပ်ငန်း(သို့) ဘဏ္ဏာရေးဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ အနည်းဆုံး ၂ နှစ်ရှိသူများ

(ဂ) တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခု တက်ရောက်သူ မဖြစ်စေရ

(ဃ) သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။

READ - အစိုးရနည်းပညာကောလိပ်နှင့် နည်းပညာသိပ္ပံ ၂၅ ကျောင်းမှ A.G.T.I သုံးနှစ် သင်တန်းများကို အောက်တိုဘာ ၁၉ ရက်နေ့တွင် စတင်လျှောက်ထားနိုင်

၃. သင်တန်းနှင့် သက်ဆိုင်သော စာရွက်၊ စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း (၂၀၆) တွင် အောက်တိုဘာလ ၁၇ မှ စတင်ရယူနိုင်ပြီး နိုဝင်ဘာလ ၁၇ ရက်နောက်ဆုံးထား လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။

၎. သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို နိုဝင်ဘာလ ၂၆ ရက်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) မှာ ဖြေဆိုရမှာ ဖြစ်ပါတယ်။

၅. ပြည့်စုံစွာ ဖော်ပြမှုမရှိသော လျှောက်လွှာများ၊ လုပ်သက်၊ ထောက်ခံချက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။

၆. သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ လက်ခံမည်။

၇. သင်တန်းနှင့် ပတ်သက်၍ ဖုန်းနံပါတ် ဖုန်း-၀၁-၅၁၃၄၅၇ (MBF ရုံးခန်း) ၊ ၀၁-၅၁၃၅၇၆ (၀ါကိဇ္ဇဗေဒဌာနရုံးခန်း) တို့ကို ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: ကြေးမှုံ

News Read 4011 times