၁။ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်တွင်စတင်၍ အောက်ဖော်ပြပါ မဟာအင်ဂျင်နီယာနှင့် ဗိသုကာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။
(က) မြို့ပြအင်ဂျင်နီယာ
(ခ) စက်မှုအင်ဂျင်နီယာ
(ဂ) အီလက်ထရွန်နစ်အင်ဂျင်နီယာ
(ဃ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ
(င) ကွန်ပျူတာအင်ဂျင်နီယာနှင့်သတင်းအချက်အလက်နည်းပညာ
(စ) မက္ကာထရောနစ်အင်ဂျင်နီယာ (Structural Engg:/Water Resources Engg:)
(ဆ) ဓာတုအင်ဂျင်နီယာ
(ဇ) ဗိသုကာ
(ဈ) နျူကလီးယားနည်းပညာ
(ည) ဇီဝနည်းပညာ
၂။ အထက်ပါမဟာဘွဲ့သင်တန်းများသည် အချိန်ပြည့်သင်တန်းများဖြစ်ပြီး မဟာဘွဲ့အကြိုသင်တန်း(၁)နှစ်နှင့် သုတေသန ကျမ်းပြုသင်တန်း (၁)နှစ် စုစုပေါင်း (၂)နှစ်သင်တန်းဖြစ်ပါသည်။ မဟာဘွဲ့အကြိုသင်တန်း (Course Work) ဖြေဆိုအောင်မြင် ပြီးသူများအနက် သတ်မှတ်အရည်အချင်းပြည့်မီသူများကိုသာ မဟာဘွဲ့ သုတေသနကျမ်းပြု သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။
၃။ဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထားမူရင်းနှင့် မိတ္တူများကို တင်ပြရမည်။
(က) လျှောက်ထားသူနှင့်၎င်း၏မိဘနှစ်ပါး(၃)ဦးစလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ)သက်ဆိုင်ရာအဓိကဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့နှင့်ဗိသုကာဘွဲ့၊ သိပ္ပံဘွဲ့(ဇီဝနည်းပညာ) ရရှိပြီး မဟာ အင်ဂျင်နီယာဘွဲ့နှင့် မဟာဗိသုကာဘွဲ့၊ မဟာသိပ္ပံဇီဝနည်းပညာသင်တန်းများသို့ တက်ရောက်ရန်အဆင့်မီ
သူများဖြစ်ရမည်။
(ဂ) သင်တန်းသို့ အချိန်ပြည့်တက်ရောက်နိုင်သူဖြစ်ပြီး သင်တန်းစည်းကမ်းချက်များကို လိုက်နာနိုင်သူဖြစ်ရမည်။
(ဃ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်(မူရင်း) တင်ပြနိုင်သူဖြစ်ရမည်။
၎။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ)၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်းတစ်ခုခုမှ ထောက်ခံစာ(မူရင်း)၊ ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃)ပုံနှင့် မဟာ အင်ဂျင်နီယာဘွဲ့နှင့် မဟာသိပ္ပံဇီဝနည်းပညာဘွဲ့သင်တန်းများသို့တက်ရောက်ရန်အဆင့်မီသူများဖြစ်ကြောင်း အောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်များမှ ထောက်ခံချက်(မူရင်း)(သို့မဟုတ်) မိတ္တူမှန်ဖြစ်ကြောင်း ထောက်ခံစာ (True Copy) တို့ကိုတင်ပြရမည်။
၅။ လျှောက်လွှာပုံစံများကို မန္တလေးနည်းပညာတက္ကသိုလ်တွင် ၈-၄-၂၀၁၉ရက်မှစ၍ ၃ဝ-၄-၂၀၁၉ရက် နောက်ဆုံး ထား၍ လျှောက်ထားရမည်။ လျှောက်လွှာပါ အချက်အလက်များအားစိစစ်ပြီးမှန်ကန်ပါက ၃-၅-၂၀၁၉ရက်တွင် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားကို ထုတ်ပေးမည်။
၆။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို မန္တလေးနည်းပညာတက္ကသိုလ်တွင် အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်သည်။ နေ့ရက်ဖြေဆိုရမည့်ဘာသာရပ် ဖြေဆိုရမည့်အချိန် ၆-၅-၂၀၁၉ ရက် (တနင်္လာနေ့) အင်္ဂလိပ်စာ ၉းဝဝ နာရီမှ ၁၂းဝဝ နာရီ ၇-၅-၂၀၁၉ ရက် (အင်္ဂါနေ့) သက်ဆိုင်ရာဘာသာရပ် ၉းဝဝ နာရီမှ ၁၂းဝဝ နာရီ ဖြစ်ပါသည်။
၇။ သင်တန်းအတွက် လူတွေ့စစ်ဆေးခံရမည့် အမည်စာရင်းကို ၂၄-၅-၂၀၁၉ ရက်တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို ၂၈-၅-၂၀၁၉ ရက်တွင် ပြုလုပ်မည်ဖြစ်ပါသည်။ မဟာဘွဲ့သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို ၃၁-၅-၂၀၁၉ ရက်တွင် ထုတ်ပြန်ကြေညာပါမည်။
၈။ အသေးစိတ်အချက်အလက်များသိရှိလိုပါက မန္တလေးနည်းပညာတက္ကသိုလ် ဖုန်းနံပါတ် ၀၂-၅၇၃၆၃၊ ၀၉-၂၀၁၆၅၀၉ တို့သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
သင်တန်းရေးရာဌာန မန္တလေးနည်းပညာတက္ကသိုလ်
Source: ပညာရေးဝန်ကြီးဌာန