ပညာရေးတွင် ဂုဏ်သတင်းကြီးမားသည့် အင်္ဂလန် တက္ကသိုလ်များသို့ ဘွဲ့လွန် ဒီဂရီ ဆက်လက်သင်ယူရန် ပြင်ဆင်နေသူများအတွက် ဘာသာရပ်အလိုက် ကျောင်းဝင်ခွင့်နှင့် တက္ကသိုလ်များအကြောင်း၊ အင်္ဂလန် ဘွဲ့လွန်ပညာ ရေးနှင့် အသက်မွေးဝမ်းကျောင်း အသင်းအဖွဲ့များ၏ အသိအမှတ်ပြု ဘွဲ့ဒီဂရီအကြောင်း၊ ဗီဇာလျောက်ထားခြင်းအတွက်ပြင်ဆင်ထားရမည့် အထောက်အထား စာရွက်စာတမ်း များအကြောင်း တစ်ဦး ချင်း ဆွေးနွေးပွဲကို AT&S (International Education Services) တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ကြာသပတေးနေ့တွင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ကျင်းပမည်ဖြစ်ပြီး မဟာတန်းတက်ရန် ပြင်ဆင်ထားသင့်သည်များ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာသင်ဆု လျှောက်ထားနိုင်သည့် အခွင့်အလမ်းများ၊ လုပ်ငန်း အတွေ့အကြုံ မရှိသူများ တက်ရောက်နိုင် သည့် မဟာဘွဲ့များနှင့် ကျောင်းဝင်ခွင့်များ၊ အကြောင်းကို ဆွေးနွေး ပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကွန်ပျူတာ၊ နည်းပညာဖြင့် ဘွဲ့ဒီဂရီရရှိထားသူများသည် အင်္ဂလန်နိုင်ငံတွင် ဘွဲ့လွန်ဆက် တက်မည်ဆိုပါက Artificial Intelligence၊ Networking၊ Cyber Security အစရှိသည့် ဘာသာရပ်များကို Sandwich Placement လက်တွေ့ လုပ်ငန်းခွင်(၁)နှစ်ဖြင့် ပူးတွဲတက်ရောက်နိုင်မည့် တက္ကသိုလ်များ အကြောင်း အသေးစိတ်ဆွေးနွေးပေးမည်ဖြစ်သည်။
ထို့အပြင် မဟာဘွဲ့တန်းများကို လစာဖြင့် အလုပ်လုပ်ရင်း တစ်နှစ်တက်ရောက်နိုင်မည့် ဘာသာရပ်နှင့် တက္ကသိုလ်များအကြောင်းကိုလည်း ဆွေးနွေးပေးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ဆေးပညာ ဘွဲ့ရများတက်ရောက်နိုင်မည့် Dermatology ၊ Cardiology and Stroke ကဲ့သို့ ဘွဲ့လွန်မဟာဒီဂရီများကို တစ်နှစ်အတွင်း ရယူနိုင်မည့် တက္ကသိုလ်များအကြောင်းနှင့် ကျောင်းဝင်ခွင့်ဆိုင်ရာလို အပ်ချက်များကို သိရနိုင်ရန်အတွက် AT&S (Overseas Education Consultancy Services)အဆောင် (၅)၊ အခန်း (၄)၊ MICT ၊ လှိုင်မြို့နယ်။ ဖုန်း (၀၁-၆၅၂၃၂၀၊ ၀၉-၇၇၇၂၂၃၂၂၅) သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။