ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ် မည့် မဟာဘွဲ့သင်တန်းများကို ပညာရေးဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်တိုင်းမှ ဘွဲ့တစ်ခုခုရရှိ ပြီး မဟာဘွဲ့သင်တန်း တက် ရောက်ရန် အဆင့်မီသူများ လျှောက်ထားနိုင်ကြောင်း ရန်ကုန် တက္ကသိုလ်က နိုဝင်ဘာ ၁၃ ရက် ၌ ကြေညာသည်။
ပညာရေး ဝန်ကြီးဌာန အောက်ရှိ တက္ကသိုလ်တစ်ခုခုမှ ဂုဏ်ထူးတန်းဘွဲ့ကို အနိမ့်ဆုံး ဒုတိယအဆင့်ဖြင့် အောင်မြင်သူ များ၊ မဟာအရည်အချင်းစစ်သင် တန်းအောင်မြင်သူများ၊ စနစ်သစ် ဥပဒေပညာ ပဉ္စမနှစ်သင်တန်းနှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ တွင် မဟာဘွဲ့သင်တန်း တက် ရောက်ရန် အဆင့်မီသူများသည် ရန်ကုန်တက္ကသိုလ်၏ မဟာဘွဲ့ သင်တန်း တက်ရောက်ခွင့် လျှောက်ထားနိုင် သည်။
‘‘ဝင်ခွင့်စာမေးပွဲထပ်ဖြေရ မယ်။ လက်ခံနိုင်တဲ့ အရေအတွက် ကတော့ ဘာသာရပ်ဆိုင်ရာဌာန တွေပေါ် မူတည်တယ်။ ရန်ကုန်တက္ကသိုလ်က ဘွဲ့ကြိုတန်းတွေက တက်လာမှာတွေလည်း ရှိသေး တယ်’’ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
မဟာဘွဲ့သင်တန်းများကို အချိန်ပြည့် ၂ နှစ်တက်ရောက်ရ မည်ဖြစ်ပြီး နိုဝင်ဘာ ၁၆ ရက်မှ ၃၀ရက်အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာနသို့ သင်တန်းဝင် ခွင့်လျှောက်ထားရမည်ဖြစ်သည်။
ဘာသာရပ်သင်တန်းအသီး သီး၏ လူဦးရေကန့်သတ်ချက်အရ လျှောက်ထားသူများသည် ဒီဇင်ဘာ ၃ ရက်တွင် ဝင်ခွင့်စာမေးပွဲ ဖြေရမည်ဖြစ်သည်။
မဟာဘွဲ့သင်တန်း တက် ရောက်ခွင့် လျှောက်ထားသူများ အနေဖြင့် လျှောက်လွှာတင်သည့် အချိန်နှင့် တက္ကသိုလ်နောက်ဆုံး တက်ရောက်ချိန် အများဆုံးသုံးနှစ် ကွာဟရမည်ဖြစ်ပြီး ရန်ကုန် တက္ကသိုလ် တွင် မဟာဘွဲ့တက် ခွင့်ပြုကြောင်း မူလဘွဲ့ရရှိသည့် တက္ကသိုလ်၏ ထောက်ခံချက် ပူးတွဲတင်ပြရမည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်၏ မဟာ ဘွဲ့သင်တန်းများကို နှစ်စဉ် ဒီဇင် ဘာတွင် ဖွင့်လှစ်ပြီး အဆိုပါတက္က သိုလ်မှ ဘွဲ့ရသူသာမက အခြား တက္ကသိုလ်မှ ဘွဲ့ရများကိုပါ လက်ခံသင်ပေးခဲ့သည်။
ယခင်နှစ်များ က ထိုမဟာဘွဲ့သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်တို ဘာအတွင်း ခေါ်ယူလေ့ရှိသည်။
ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့ကြိုသင်တန်းများမှ အရည်အချင်းမီသူများလည်း မဟာ ဘွဲ့သင်တန်း တက်မည်ဖြစ်ရာ အခြား တက္ကသိုလ်ဘွဲ့ရများကို လက်ခံနိုင်ခြင်း ရှိ၊ မရှိ ပါမောက္ခ ချုပ်ထံ တင်ပြမည်ဟု ပြော ကြားထားသည်။
ရန်ကုန်တက္ကသိုလ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ် ပညာ၊ ဥပဒေပညာ၊ အရှေ့တိုင်း ပညာ၊ နိုင်ငံတကာဆက်ဆံရေး ပညာ၊ မနုဿဗေဒ၊ ရှေးဟောင်း သုတေသနပညာ၊ စာကြည့်တိုက် နှင့် သုတပညာ၊ ဓာတုဗေဒ၊ ရူပ ဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခ ဗေဒ၊ ဘူမိဗေဒ၊ ကုန်ထုတ်ဓာတု ဗေဒနှင့် ကွန်ပျူတာသိပ္ပံပညာ ဌာနများက မဟာဘွဲ့သင်တန်း ဖွင့်လှစ်သင်ကြားနေသည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day