အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အမေရိကန် အင်္ဂလိပ်စာ အခမဲ့ အွန်လိုင်းသင်တန်းအတွက် စာရင်းပေးသွင်းနိုင်

အင်္ဂလိပ်စာ ဆရာ၊ ဆရာမများ အမေရိကန် အင်္ဂလိပ်စာ အခမဲ့ အွန်လိုင်းသင်တန်းအတွက် စာရင်းပေးသွင်းနိုင်

သင်တန်းသား ကလေးတွေကို သင်ကြားပေးနေတဲ့ အင်္ဂလိပ်စာ ဆရာ၊ ဆရာမတွေအတွက် အမေရိကန် အင်္ဂလိပ်စာ အခမဲ့ အွန်လိုင်းသင်တန်းတွေများစွာရှိတဲ့ MOOC သင်ခန်းစာအတွက် စာရင်းပေးသွင်းနိုင်ပြီလို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှသိရပါတယ်။

ဆရာ၊ ဆရာမတွေ အနေနဲ့ အသက် ၃ နှစ်နဲ့ ၁၀ နှစ်ကြား ကလေးတွေကို ထိထိရောက်ရောက် သင်ကြားပေးနိုင်မယ့် နည်းလမ်းတွေသာမက ကလေးတွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်ပါဝင်စားအောင် သင်ကြားပေးနိုင်မယ့် နည်းလမ်းတွေကိုလည်း လေ့လာရမှာပါ။

အပတ်စဉ် MOCC အွန်လိုင်းသင်တန်း တက်ရောက်ရင်းနဲ့ အကြောင်းအရာ အခြေအနေတစ်ခုကနေပြီး နားထောင်မှုစွမ်းရည်၊ စကားပြောစွမ်းရည်၊ အရေး၊ အဖတ်စွမ်းရည်တွေရအောင် သင်ကြားပေးနိုင်မယ့် စိတ်ကူးနည်းလမ်း အသစ်တွေ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

သင်ကြားလိုသူတွေအနေနဲ့ https://www.aeeteacher.org/mooc ကနေစာရင်းပေးသွင်းနိုင်ပါတယ်။

Source: internet

News Read 2018 times