မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တံဆိပ်ပြောင်းလဲပြင်ဆင်မည်

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တံဆိပ်ပြောင်းလဲပြင်ဆင်မည်

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားသမဂ္ဂ တံဆိပ်ပြောင်းလဲပြင်ဆင်မည်ဖြစ်ပါသည်။

 

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ကျောင်းသားထုဆန္ဒဖြင့် ရွေးကောက်တင်မြှောက်သော ကျောင်းသားများက ကျောင်းသားထုအတွက် တာဝန်ယူ ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

 

၎င်း၏ပထမလုပ်ငန်းစဉ်အဖြစ် လက်ရှိအသုံးပြုနေသော ကျောင်းသားများသမဂ္ဂ၏ အမှတ်တံဆိပ်အား ကျောင်းသားထုမှ အတည်ပြု ရွေးချယ်သော အမှတ်တံဆိပ်ဖြင့် လဲလှယ်သွားမည်ဖြစ်ပါသည်။

 

အသစ်ပြောင်းလဲပြင်ဆင်မည့် ကျောင်းသားများသမဂ္ဂတံဆိပ်ကို ကျောင်းသားများကိုယ်တိုင် ရေးဆွဲပါမှ အနှစ်သာရပြည့်ဝမည်ဟု ကျွန်ုပ်တို့ယူဆပါသည်။

 

Read More: ရန်ကုန်တက္ကသိုလ် ဒီပလိုမာဝင်ခွင့်သင်တန်းတက်ရောက်ခွင့်ရသူများ

 

သို့ပါသောကြောင့် အောက်ဖော်ပြပါ ကြော်ငြာအတိုင်း ကျောင်းသားများသမဂ္ဂ အမှတ်တံဆိပ်အသစ်အတွက် ပါဝင်ရေးဆွဲ ယှဉ်ပြိုင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

 

စိတ်ပါဝင်စားသော ကျောင်းသားများအနေဖြင့် ကြော်ငြာအတိုင်း ရေးဆွဲကာ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

 

studentsunionmufl@gamil.com (သို့) FB Page- Mandalay University of Foreign Language Students’ Union ဝင်ရောက်လေ့လာနိုင်ပါသည်။

 

MUFL

 

Source: Mandalay University of Foreign Languages Students’ Union

 

 

News Read 1379 times