မန္တလေးအဝေးသင်တက္ကသိုလ်၏ ယခုပညာသင်နှစ် စာမေးပွဲဖြေရမည့် အချိန်များကို ထုတ်ပြန်လိုက်ရာ ပထမသုတ်စာမေးပွဲများ အောက်တိုဘာ ၂ ရက်တွင် စတင်ကျင်းပမည် ဖြစ်သည်။
၂၀၁၈ ခုနှစ် ပညာသင်နှစ် မန္တလေးအဝေးသင်တက္ကသိုလ်၏ အတန်းတင် စာမေးပွဲများကို
ပထမအသုတ် (သိပ္ပံ အထူးပြု) များအတွက် အောက်တိုဘာ ၂ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိလည်းကောင်း၊
ဒုတိယအသုတ် (အင်္ဂလိပ်စာ၊ ပထ၀ီဝင်၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေအထူးပြု) များ၏ စာမေးပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ရက်အထိလည်းကောင်း
တတိယအသုတ် (မြန်မာစာ၊ သမိုင်း၊ ရသစာပေ၊ စီးပွားရေးပညာ၊ အိမ်တွင်းစီးပွားရေး၊ စီးပွားစီမံ၊ ပြည်သူ့ရေးရာအထူးပြု) များ၏ စာမေးပွဲများကို နိုဝင်ဘာ ၁၉ ရက်မှ ၂၉ ရက်အထိ လည်းကောင်း ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
ပထမအသုတ် အဝေးသင်စာမေးပွဲများ ပြီးဆုံးပါက ဒုတိယအသုတ်၏ အနီးကပ်သင်တန်းများကို စနေ၊ တနင်္ဂနွေ၊ အပါအ၀င် ဆယ်ရက်တိတိ အနီးကပ်သင်တန်းများ ပို့ချမည် ဖြစ်သည်။
ဒုတိယအသုတ်၏ စာမေးပွဲများကို စနေ၊ တနင်္ဂနွေ မပါဝင်ဘဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။
တတိယအသုတ်၏ အနီးကပ်သင်တန်းများကို နိုဝင်ဘာလထဲတွင် ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း လျာထားသတ်မှတ်ထားသည်။
လာမည့်နှစ်မှစတင်ပြီး ပထမနှစ်အဝေးသင်တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူများ၏ အဝေးသင်ကိစ္စရပ်များအားလုံးကို ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင် တက္ကသိုလ်တို့မှ စီမံတော့မည် မဟုတ်ဘဲ တက္ကသိုလ်အလိုက်စာစဉ်များပြုစုခြင်း၊ မေးခွန်းများ ပြုစုခြင်း၊ စာမေးပွဲများ ကျင်းပခြင်း၊ အဖြေလွှာများ စစ်ဆေးခြင်းများကို ပြုလုပ်မည် ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ်နှင့် မန္တလေးအဝေးသင်တက္ကသိုလ်တို့၏ လက်အောက်တွင် အဝေးသင်ဌာနခွဲပေါင်း ၄၀ ကျော်ရှိသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: democracy