မန္တလေးတွင်ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်မဟာသင်တန်းများကို နည်းပညာတက္ကသိုလ်လုပ်သက် နှစ်နှစ်ရှိ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

မန္တလေးတွင်ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်မဟာသင်တန်းများကို နည်းပညာတက္ကသိုလ်လုပ်သက် နှစ်နှစ်ရှိ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ် (မန္တလေး)မှ မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ မက္ကာထရောနစ် အင်ဂျင်နီယာ၊ သုတနည်းပညာ၊ ဓာတုအင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ၊ ဗိသုကာ မဟာဘွဲ့သင်တန်းများကို လာမည့် ဒီဇင်ဘာလ ၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည့်အတွက် တက်ရောက်လိုသူများသည် လျှောက်လွှာများကို သင်တန်းရေးရာဌာနတွင် ထုတ်ယူပြီး ယခုလ ၁၅ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။

READ - ပညာရေးဆိုင်ရာသင်တန်းများတွင် တက်ရောက်နေသည့် ဆရာ၊ ဆရာမ ၂၉၀ ကို လစာဖြတ်တောက်ခြင်း မပြုဘဲ တက်ခွင့်ပေး

သင်တန်းလျှောက်ထားမည်ဆိုပါက မဟာအင်ဂျင်နီယာနှင့် မဟာဗိသုကာ သင်တန်းများကို တက်ရောက်ရန် အဆင့်မီသူများ ဖြစ်ကြောင်း အောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်မှ ထောက်ခံချက်ကို တင်ပြ ရမည် ဖြစ်ပြီး နည်းပညာတက္ကသိုလ်မှ သင်ကြားရေးဝန်ထမ်း ဆရာ၊ ဆရာမများဖြစ်ပါက သင်တန်း ၀င်ခွင့် အရည်အချင်း မမီသော်လည်း လုပ်သက်နှစ်နှစ် အထက်ရှိ သူများ လျှောက်ထားနိုင်သည်။

မဟာဘွဲ့သင်တန်းလျှောက်ထားသူများသည် ၀င်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး ယခုလ ၂၀ ရက်နေ့တွင် အင်္ဂလိပ်စာ၊ ၂၁ ရက်နေ့တွင် သက်ဆိုင်ရာ ဘာသာရပ်များကို စစ်ဆေးမည်ဖြစ်ပြီး ရေးဖြေ အောင်မြင်သူ များကို ယခုလ ၂၄ ရက်နေ့တွင် လူတွေ့စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီသင်တန်းတွေကို မနှစ်ကစပြီး ပြန်ဖွင့်တယ်။ အရင်ကတော့ ဖွင့်ဖြစ်ခဲ့သေးတယ်။ သုံးလေးနှစ်လောက် ပြတ်သွားပြီး မနှစ်က ပြန်စတယ်။ မနှစ်ကတော့ ပညာရေးဝန်ကြီးဌာန လက်အောက်က နည်းပညာတက္ကသိုလ် ဆရာ၊ ဆရာမများအတွက် ဖွင့်တယ်။ ဒီနှစ်ထပ်ပြီး ဖွင့်တာပေါ့။ တစ်ဘာသကို ဆယ်ဂဏန်းဝန်းကျင်လောက်ပါပဲ ၀င်ခွင့်ပေးမှာပါ” ဟု ပြောသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2067 times