မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားဦးရေ (၃၆၅) ဦး အထိသာ လက်ခံမည်

မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားဦးရေ (၃၆၅) ဦး အထိသာ လက်ခံမည်


    (က) မြို့ပြအင်ဂျင်နီယာ (Civil Engineering)
    (ခ) ဗိသုကာ (Architecture)
    (ဂ) စက်မှုအင်ဂျင်နီယာ (Mechanical Engineering)
    (ဃ) အီလက်ထရွန်းနစ်အင်ဂျင်နီယာ    (Electronic Engineering)
    (င) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Engineering)
    (စ) ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ(Computer Engineering & Information Technology)
    (ဆ) မက္ကာထရောနစ်အင်ဂျင်နီယာ (Mechatronic Engineering)    
    (ဇ) ဓာတုအင်ဂျင်နီယာ (Chemical Engineering)
    (ဈ) သတ္ထုတူးဖော်ရေး အင်ဂျင်နီယာ (Mining Engineering)
    (ည) နျူကလီးယားအင်ဂျင်နီယာ (Nuclear Engineering)
    (ဋ) ဇီဝနည်းပညာ(Biotechnology)

၂. (က) အမျိုးသား (၂၀၀) ဦးနှင့် အမျိုးသမီး (၁၆၅) ဦး စုစုပေါင်း ကျောင်းသား ဦးရေ (၃၆၅) ဦး အထိသာ လက်ခံမည်၊
    (ခ) သင်တန်းကာလမှာ B.E/B.Arch ဘွဲ့အတွက် (၆) နှစ်၊ B.S ဘွဲ့အတွက် (၄) နှစ်ဖြစ်ပြီး၊ သင်တန်းကာလပြီးစီးအောင်မြင်သည့်အခါ B.E/B.Arch ဘွဲ့ နှင့် B.S ဘွဲ့ အသီးသီးကို တိုက်ရိုက်အပ်နှင်းချီးမြှင့်မည် ဖြစ်သည်။

၃. မန္တလေးနည်းပညာတက္ကသိုလ် အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်း၊ ဇီဝနည်းပညာသင်တန်းများသို့ လျှောက်ထားလိုသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

(က) ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ရမည်၊

(ခ) အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်စာ လေးဘာသာ စုစုပေါင်း ရမှတ် (၃၂၀) နှင့်အထက် ရရှိသူဖြစ်ရမည်၊

(ဂ) ဇီဝနည်းပညာသင်တန်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနှင့် သင်္ချာ လေးဘာသာ စုစုပေါင်းရမှတ် (၂၈၀) နှင့် အထက်ရရှိသူဖြစ်ရမည်၊

(ဃ) နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ၀င်ခွင့်လျှောက်ထားသူနှင့် ၄င်း၏ မိဘ (၂) ပါးတို့သည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်/ပြု/ဧည့်) ကိုင်ဆောင်ထားသူများ ဖြစ်ရမည်၊

(င) အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများအတွက် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ နှင့် ရူပဗေဒဘာသာရပ်များ ပါဝင်သော မည်သည့် ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ သတ်မှတ်ချက်

ကိုက်ညီပါက လျှောက်ထားနိုင်ပါသည်၊

(စ) ဇီဝနည်းပညာသင်တန်းအတွက် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ နှင့် ဇီဝဗေဒ ဘာသာရပ်များပါဝင်သော သိပ္ပံဘာသာတွဲဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်၊

(ဆ) လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်၊

၎. မန္တလေးနည်းပညာတက္ကသိုလ်တွင် အောက်ဖော်ပြပါ အချိန်ဇယားအတိုင်း သင်တန်းသား ခေါ်ယူဖွင့်လှစ်သင်ကြားပို့ချသွားမည် ဖြစ်သည်၊

(က) လျှောက်လွှာလက်ခံမည့်ရက်    - ၁၅.၆.၂၀၁၈ မှ ၁၅.၇.၂၀၁၈ ထိ

(ခ) ၀င်ခွင့်စာရင်းကြေညာချက်    - ၁၅.၈.၂၀၁၈

(ဂ) ကျောင်းအပ်လက်ခံမည့်ရက်    - ၁၆.၈.၂၀၁၈ မှ ၁၂.၉.၂၀၁၈ ထိ

၅. လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါတို့ကို ဖြည့်စွက်၍ ယူဆောင်လာရမည်။

(က) အခြေခံပညာအထက်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း မိတ္တူ (သို့မဟုတ်) သက်ဆိုင်ရာ ဖြေဆိုအောင်ခဲ့သော ကျောင်း၏ အောင်မြင်ကြောင်း ထောက်ခံစာ၊ အမှတ်စာရင်းမိတ္တူ၊

(ခ) ကျောင်းသားနှင့် မိဘနှစ်ပါးတို့၏ နိုင်ငံသားစိစစ်ရေးပြားကတ်ပြားမိတ္တူ၊ (ကျောင်းသားမိဘ ခရီးလွန်၊ နယ်ဝေး ခရီးထွက်ခွာနေပါက မော်ကွန်းထိန်းထံ ကတိဝန်ခံချက်ဖြင့် ကျောင်းအပ်နှံခွင့်ပြုသည်။)

(ဂ) လွန်ခဲ့သော (၆) လအတွင်း ရိုက်ကူးထားသည့် ရောင်စုံ ဓာတ်ပုံ (၅) ပုံ (၁.၅ လက်မ * ၁.၃ လက်မ)

#မှတ်ချက် -  ကျန်းမာရေးကောင်းမွန်ကြောင်း မန္တလေး နည်းပညာတက္ကသိုလ် (တက္ကသိုလ်ဆေးရုံ) ၏ ဆေးစစ်မှုကို ကျောင်းအပ်နှံချိန်ကာလအတွင်း စစ်ဆေးရမည်၊

- ဓာတ်ပုံရိုက်ကူးရာတွင် (အမျိုးသမီးများ ရင်စေ့၊ ရင်ဖုံးအဖြူ)၊ (အမျိုးသားများ အဖြူအင်္ကျီ) (တီရှပ်မဟုတ်ပါ) များဝတ်ဆင်ရိုက်ကူးရမည်၊

၆. မန္တလေးနည်းပညာတက္ကသိုလ်သို့ လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် မန္တလေးနည်းပညာတက္ကသိုလ် သင်တန်းရေးရာဌာနသို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်၊

၇. လျှောက်လွှာပုံစံများအား  မန္တလေးနည်းပညာတက္ကသိုလ် သင်တန်းရေးရာဌာနတွင်လည်းကောင်း၊ ၀က်ဆိုဒ် http://www.mtu.edu.mm မှလည်းကောင်း ရယူနိုင်ပါသည်၊

၈. အသေးစိတ်အချက်အလက်များ သိရှိလိုပါက မန္တလေးနည်းပညာတက္ကသိုလ် သင်တန်းရေးရာဌာန ဖုန်း ၀၂-၅၇၃၆၃ နှင့် ၀၉-၂၀၁၆၅၀၉ သို့လည်းကောင်း အီးမေးလ် [email protected] သို့ လည်းကောင်း

စုံစမ်းမေးမြန်းနိုင်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။


source:  MTU

News Read 6134 times