မန္တလေး အဝေးသင် တက္ကသိုလ် (ရတနာပုံဌာနခွဲ)မှ ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက်
၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သော
မန္တလေး အဝေးသင် တက္ကသိုလ် (ရတနာပုံဌာန ခွဲ) ၏
စတုတ္ထနှစ် ၀ိဇ္ဇာ/သိပံ္ပ၊ ပဉ္စမနှစ် ဥပဒေပညာ
စာမေးပွဲ အောင်မြင်ခဲ့သည့်
ရတနာပုံတက္ကသိုလ်၊
မန္တလာဒီဂရီကောလိပ်၊
မြင်းခြာံဒီဂရီကောလိပ်(အဝေးသင်ဌာနခွဲ)များမှ
ကျောင်းသူကျောင်းသားများသည်
(၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် တက်ရောက်ရန်
လျှောက်ထားနိုင်သည်။
၆လအတွင်း ရိုက်ထားသည့် ၂ လက်မ ၁ လက်မခွဲ ဓာတ်ပုံ ၅ ပုံ
နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ တို့ကို
လျှောက်လွှာနှင့်အတူ ပူးတွဲပြီး လျှောက်ထားရမည်။
၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၃၀ ရက်အထိ အတွင်း လျှောက်ထားရမည်။
မိမိဖြေဆိုအောင်မြင်ခဲ့သည့် တက္ကသိုလ်/ဒီဂရီ ကောလိပ်
တွင် လျှောက်လွှာတင်ရမည်ဖြစ်ပြီး
ဘွဲ့နှင်းကြေးကိုပါ ပေးသွင်းရမည်။
ကိုယ်တိုင်တက်ယူမည်ဆိုပါက ဘွဲ့နှင်းကြေးသည်
ကျပ် ၁၅၀၀ ဖြစ်ပြီး အဝေးရောက် ဘွဲ့ယူမည်ဆိုပါက ကျပ် ၁၀၀၀ ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို
ပူးတွဲဖော်ပြပါ ပုံတွင် ဖတ်ရှုနိုင်ပါသည်။