၁။ မန္တလာဒီဂရီကောလိပ်တွင် အောက်ဖော်ပြပါ ဘွဲ့သင်တန်းအားဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည် -
စဉ် |
သင်တန်း |
သင်တန်းကာလ |
လက်ခံခွင့်ပြုမည့်ဦးရေ |
မှတ်ချက် |
(၁) |
Bachelor of Tourism and BTHM Hospitality Management |
(၄) နှစ် |
(၂၀၀) ဦး |
အချိန်ပြည့် |
၂။ အဆိုပါဘွဲ့သင်တန်းအတွက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူများသာ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာဘာသာရပ်တွင် အနည်းဆုံးအမှတ် (၆၀) ရရှိထားပြီး စုစုပေါင်းအမှတ် (၄၀၀) နှင့်အထက် ရရှိသူများဖြစ်ရမည်။
သတ်မှတ်လျှောက်လွှာပုံစံအား မန္တလာဒီဂရီကောလိပ် ကျောင်းသားရေးရာဌာနတွင်လည်းကောင်း https://www.mdl.edu.mm/wp-content/uploads/2018/07/BTHM.pdf မှလည်းကောင်းထုတ်ယူ၍ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။
၃။ သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - 3.12.2018 ရက်
၎။ လျှောက်လွှာတင်သွင်းရမည့်နေရာ - ကျောင်းသားရေးရာဌာန၊ မန္တလာဒီဂရီကောလိပ်
၅။ လျှောက်လွှာစတင်ထုတ်ပေးမည့်ရက် - 1.8.2018 ရက်
၆။ လျှောက်လွှာတင်သွင်းရမည့်ရက် - 1.8.2018 ရက်
၇။ လျှောက်လွှာပိတ်ရက် - 31.8.2018 ရက်
၈။ ၀င်ခွင့်ရရှိသူများစာရင်းကြေညာမည့်ရက် - 15.10.2018 ရက်
၉။ ကျောင်းဝင်မှတ်ပုံတင်ရမည့်ရက် - 15.11.2018 ရက်
၁၀။ အောက်ဖော်ပြပါ အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်သည်။
(က) လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူသာဖြစ်ရမည်။
(ဂ) အခြားတက္ကသိုလ်တစ်ခုခုတွင် တက်ရောက်ပညာသင်ကြားနေသူ မဖြစ်ရ။
(ဃ) လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည် -
(၁) တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်ရရှိသော ရမှတ်စာရင်းမူရင်း
(၂) လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(၃) လိုင်စင်ဓာတ်ပုံ (၂) ပုံ (ပူးတွဲ)
၁၁။ ၀င်ခွင့်ရရှိသူများကို 15.10.2018 ရက်တွင် မန္တလာဒီဂရီကောလိပ်တွင် ကြေညာထားပါမည်။ ၀င်ခွင့်ရရှိသူများသည် ကျောင်းလာရောက်အပ်နှံသည့်အခါ ကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား မူရင်းများကို မပျက်မကွက် (မပျက်မကွက်) ယူဆောင်လာရမည်။
၁၂။ အသေးစိတ်သိရှိလိုပါက မန္တလာဒီဂရီကောလိပ် သင်တန်းရေးရာဌာန ဖုန်းနံပါတ် 02-5154856၊ 09-47052159 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။