မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာ တက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လိုအပ်ချက်အရ ကျောင်းသားဦးရေးတိုးမြှင့်လက်ခံမည်ဖြစ်ကြောင်း ဦးစီးဌာနသို့တင်ပြခဲ့ရာ၊ ဦးစီးဌာနမှ ကျောင်း အစီအစဉ်ဖြင့် ကျောင်းများ သို့ ဖြန့်ဝေအကြောင်းကြားနိုင်ရန် လမ်းညွှန်မှုပြုခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ ပြောင်းရွှေ့ တက်ရောက်လိုသည့် အနိမ့်ဆုံးရမှတ် (၄၄၀)နှင့်အထက်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား (၂၈-၁၂-၂၀၁၈)ရက်နေ့ထိ နောက်ဆုံးထား၍ လက်ခံမည်ဖြစ် ပါသည်။
မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်တွင် ဒုတိယနှစ်သင်တန်းပြီးမှ အထူး ပြု ဘာသာရပ်ပိုင်းခွဲခြင်းဖြစ်ပြီး၊ အောက်ပါအထူးပြု ဘာသာရပ်များ၌ ရွေးချယ်တက်ရောက်နိုင်မည် ဖြစ်ပါသည်။
(က) စက်နှင့်ပျံသန်းယာဉ်အင်ဂျင်နီယာသင်တန်း (Mechanical နှင့် အခြေခံတူညီ)
(ခ) လေကြောင်းအီလက်ထရွန်းနစ် အင်ဂျင်နီယာသင်တန်း (ECနှင့် အခြေခံတူညီ)
(ဂ) လေကြောင်းလျှပ်စစ်နှင့်တိုင်းတာရေး အင်ဂျင်နီယာသင်တန်း (EP နှင့် အခြေခံတူညီ)
(ဃ) လောင်စာနှင့်တွန်းကန်ပစ္စည်း အင်ဂျင်နီယာသင်တန်း (Chemical နှင့် အခြေခံတူညီ)
(င) အာကာသနည်းစနစ်အင်ဂျင်နီယာသင်တန်း (Satellite ဆိုင်ရာပညာရပ်)
သို့ဖြစ်ပါ၍ ထပ်ဆင့်အသိပေး အကြောင်းကြားနိုင်ပါရန် ညှိနှိုင်း အကြောင်းကြားပါသည်။