"အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီး"

"အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီး"

M.A & Ph.D Degree ကျောင်းသားများကိုစတင်ကာလက္ခံပြီး သင်ကြားပေးပါမည်။

M.A တန်းအတွက် အဓိကဘာသာရပ်များအနေဖြင့်

ဝိနယ သုတ္တန္တ အဘိဓမ္မာ ပါဠိ နှင့် ဝိပဿနာ တို့အပြင် အခြားဘာသာရပ်ပေါင်းများစွာကို သီရိလင်္ကာ အိန္ဒိယ ထိုင်းနိုင်ငံတို့တွင် သင်ကြားရသကဲ့သို့လေ့လာ သင်ယူနိုင်ကြမည်ဖြစ်ပြီး ပညာသင်နှစ်ကာလမှာ ၂ နှစ် (semester 6 ခု + Thesis) ဖြစ်ပါသည်။

M.A Degree အတွက် ဝင်ခွင့်လျှောက်ထားလိုလျှင်

ဓမ္မာစရိယဘွဲ့တစ်ခုခု (မည်သည့်ဓမ္မာစရိယမဆို) နှင့် B.A Degree (မည်သည့်တက္ကသိုလ်ကမဆို) တခုခုရရှိထားပြီးသူများဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင့်သာ သင်ကြားပေးမည်ဖြစ်၍ M.A တန်းဆက်လက်တက်ရောက်နိုင်သော အင်္ဂလိပ်စာ အရည်းအချင်းပြည့်စုံရမည်။

အသက် ၄၀ မကျော်သော ရဟန်းတော်များဖြစ်ရမည်။

အတန်းတိုင်းအတွက် ဝင်ခွင့်စာမေးပွဲများဖြေဆိုအောင်မြင်မှသာ တက်ရောက်ခွင့်ရရှိပါမည်။

ကျောင်းသားများကို (၃) လပိုင်း ဒုတိယအပတ်အတွင်း စတင်ခေါ်ယူမည်ဖြစ်ကာ (၅) လပိုင်း ဒုတိယအပတ်အတွင်းဝင်ခွင့်စာမေးပွဲများ ကျင်ပပေးမည်ဖြစ်ပါသည်။

( အထူးအစီအစဉ်အဖြစ်....)

ပဌမကြီးတန်းအောင်ပြီး ဓမ္မာစရိယ သာမဏေကျော် ဝိနယဓရ အဘိဝံသ စသည့်ဘွဲ့များ မပြီးပြတ်နိုင်သော ရဟန်းတော်များ အတွက် ဝါတွင်း (၃) လ

အင်္ဂလိပ်စာ+ ကွန်ပြူတာ စသည့်သင်တန်းများကို ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီးတွင် လက်ခံသင်ကြား ပေးမည်ဖြစ်ပါသည်။

မကြာခင် သတင်းစာများတွင် သတင်းအချက်အလက်များ တရားဝင်ကြေငြာပေးမည်ဖြစ်ပါသည်။

မြတ်ဗုဒ္ဓသာသနာတော်အဆုံးအမများ မိမိရင်တွင်းနှင် သူတစ်ပါးရင်တွင်း သို့ရောက်ရှိအောင် ထိရောက်စွာ ပို့ဆောင်ပေးနိုင်မည့်အရည်အချင်းများရရှိပြည့်စုံ စေဘို့ ရည်ရွယ်ကာ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုယ်တိုင်ဦးစီး၍ တည်ထောင်ဖွင့်လှစ် သင်ကြားပေးမည့် ဓမ္မဒူတဆေကိန္ဒဗုဒ္ဓတက္ကသိုလ်ကြီးတွင် ပျော်ပျော်ရွှင်ရွှင် လာရောက်သင်ကြားနိုင်ကြစေရန် ညီတော် နောင်တော်ရဟန်းတော်များအားလှိုက်လှဲဖေါ်ရွေပျူငှာစွာ Dhammaduta Chekinda University မှ ကြိုဆိုပါတော့မည်ဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Credit - ဓမ္မဒူတအရှင်ကဉ္စန၊ ဓမ္မဒူတအရှင်ဇာဂရ

News Read 6867 times