အောက်တိုဘာ (၁၈) နောက်ဆုံးထားလျှောက်ရမည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

အောက်တိုဘာ (၁၈) နောက်ဆုံးထားလျှောက်ရမည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်

**Unicode**

 

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ဝင်ခွင့် အောက်တိုဘာ (၁၈) ရက်နောက်ဆုံးလျှောက်ရမည်ဖြစ်ပါတယ်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်သို့ တက်ရောက်လိုပါက အောက်တိုဘာ (၁၈) ရက် နောက်ဆုံးထားကာ ဝင်ခွင့်လျှောက်ထားရမည်ဟု ထိုတက္ကသိုလ်ကကြေညာပါတယ်

ရန်ကုန်နှင့် မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (၂) ခုတွင် ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ အထူးပြုဘာသာရပ် (၅) ခုသင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ (၄) နှစ်ပြီးဆုံးပါက ဝိဇ္ဖာဘွဲ့ချီးမြှင့်မည်ဖြစ်ပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များသို့ တက္ကသိုလ်ဝင်စာမေးပွဲတွင် မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ တက်ရောက်နိုင်ပြီး အထူးပြုဘာသာရပ်များကိုလည်း နှစ်သက်ရာဦးစားပေးလျှောက်ထားနိုင်ပါတယ်။


အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) တွင် ရန်ကုန်၊ ဧရာဝတီ၊ တင်္နသာရီ တိုင်းဒေသကြီးနှင့် ကရင်၊ မွန်၊ ရခိုင်ပြည်နယ်တို့ရှိ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူများကို လက်ခံသင်ကြားမည်ဖြစ်ကာ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်း၊ ကယား၊ ကချင်၊ ချင်းပြည်နယ်စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများကို လက်ခံသင်ကြားမည်ဖြစ်ပါတယ်။

“အောက်တိုဘာ (၁၈) ရက်နောက်ဆုံးလျှောက်လွှာလက်ခံမှာပါ။ လျှောက်တဲ့သူတွေက အောက်တိုဘာ (၂၈) မှာ လူတွေ့ဖြေရမယ်။” ဟု အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ကျောင်းသားရေးရာဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။


သင်တန်းဝင်ခွင့်လျှောက်လွှာများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (၁/ဈ) အောင်ဇေယျလမ်း (၂၆) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရယူကာ လျှောက်ထားရမည်ဟု အဆိုပါတက္ကသိုလ်များက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Source: 7Day News

**Zawgyi**


 


 

ရန်ကုန်နှင့် မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် () ခုတွင် ဂီတပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပုပညာ၊ ရုပ်ရှင်နှင့်ပြဇာတ်ပညာ အထူးပြုဘာသာရပ် () ခုသင်ကြားမည်ဖြစ်ပြီး သင်တန်းကာလ () နှစ်ပြီးဆုံးပါက ဝိဇ္ဖာဘွဲ့ချီးမြှင့်မည်ဖြစ်ပါတယ်။

 


 

English (866) အင်္ဂလိပ် စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (866) ခုရှာရန်နှိပ်ပါ။

 


 


 

Read More:>>>> ကွန်ပျူတာနဲ့ပတ်သက်ပြီး ကျွမ်းကျင်စွာတတ်ရောက်လိုသူများအတွက်

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) (/ဈ) အောင်ဇေယျလမ်း (၂၆) ရပ်ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရယူကာ လျှောက်ထားရမည်ဟု အဆိုပါတက္ကသိုလ်များက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

Source: 7Day News

 

 

News Read 1919 times