ယွန်းပညာကောလိပ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး လက်ခံသင်ကြားမည်

ယွန်းပညာကောလိပ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး လက်ခံသင်ကြားမည်

ထိုကောလိပ်၌ လက်ခံသင်ကြားရန် သင်ယူလိုသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဝင်ခွင့် လျှောက်လွှာ များကို စတင်လက်ခံနေပြီး လျှောက်ထားသူများကို လိုအပ်သည့်စိစစ်ရွေးချယ်မှုများ လုပ်ဆောင်ရန် ရှိကြောင်း သိရသည်။

“ဒီနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေထဲက ဘယ်ဘာသာတွဲမဆို လျှောက်ထားနိုင်ပါတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

READ - သတ်မှတ်ရက်ကျော်လွန်မှ လျှောက်ထားသည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များ အဆင့်မြင့် ပညာဦးစီး ဌာန (ရန်ကုန်ရုံးခွဲ) သို့ ပေးပို့ လျှောက်ထားရမည်

ယွန်းပညာကောလိပ်၌ သင်ကြားသော ပညာရပ်များကို နှစ်နှစ်သင်ကြားရမည်ဖြစ်ပြီး သင်ကြားမှု ပြီးဆုံးအောင်မြင်သည့်အခါ ယွန်းအတတ်ပညာ ဒီပလိုမာ (Dip L.T) လက်မှတ်ချီးမြှင့်မည်ဖြစ်သည်။

ထို့သို့ အောင်မြင်ပြီးနောက် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီသည့် ကျောင်းသား၊ ကျောင်းသူများ သည် ရန်ကုန်မြို့ သန်လျင်နှင့် စစ်ကိုင်းတို့၌ ရှိသည့် သမ၀ါယမတက္ကသိုလ်ရှိ သင်တန်းများသို့ တတိယနှစ် အဆင့်မှစတင်ကာ ပေါင်းကူး တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ယင်းတက္ကသိုလ်၌ လက်ရှိ လေးနှစ်သင်တန်းများကို သင်ကြားပေးလျက်ရှိရာ ယွန်းအတတ်ပညာ ဒီပလိုမာရရှိ၍ ပေါင်းကူးတက်ရောက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူများသည် နှစ်နှစ်ဆက်လက်တက်ရောက်ရုံဖြင့် ယင်းတက္ကသိုလ်က ချီးမြှင့်သော ဘွဲ့ကို ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 3201 times