ထိုအစီအစဉ်အတွက် အကြုံးဝင်သော တက္ကသိုလ်များမှာ နည်းပညာတက္ကသိုလ်၊ သစ်တောတက္ကသိုလ်နှင့် တိမွေးတက္ကသိုလ်တို့ဖြစ်ပြီး သတ်မှတ်ဘာသာရပ်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူအားလုံး လျှောက်ထားနိုင်ကြောင်း သိရသည်။
ဒီပရိုဂရမ်က ၀င်ခွင့်ရတယ်ဆိုရင် အခမဲ့သွားခွင့်ရမှာပါ။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
လျှောက်ထားလိုသော ကျောင်းသား၊ ကျောင်းသူများသည် ဒုတိယနှစ်မှ စတုတ္ထနှစ်အထိ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများဖြစ်ရန် လိုအပ်ပြီး Mechanical, Welding and Joining, Science Engineering, EP, McE, Ec, Archi, Civil, Environmental, Animal Diary Science တို့ဖြစ်ပြီး မိမိသွားရောက်လိုသော တက္ကသိုလ်ငါးခုထဲမှ တစ်ခုကို ရွေးချယ်လျှောက်ထားရမည်ဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လျှောက်ထားရမည့် အချက်အလက်များကို Chung-Aug University ([email protected]) နှင့် Keimyung University ([email protected]) စသည့် အီးမေးလ်လိပ်စာများကို ပေးပို့လျှောက်ထားနိုင်ပြီး လျှောက်လွှာနောက်ဆုံးတင်ရက်မှာ မေလ ၁၀ ရက်နေ့ ဖြစ်ပါသည်။
ထိုတက္ကသိုလ်များသို့ သွားရောက်ခွင့်ရရှိပါက Round Trip Air Tickers, Accommodation, meals During this Program, Certificate, Research ပြုလုပ်ခွင့်တို့ ရရှိမည် ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: democracy today