တကယ်ပဲအမှန် တရားဘက်ကရပ်တည်ပေးချင်တဲ့ ညီငယ်၊ညီမငယ်တွေအတွက် အခု National Management Degree College Page က နေပြီး တိုင်းပြည်အတွက် အလွန်အရေးပါတဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ B. A(Journalism Specialization) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
B.A(Journalism Specialization) ဟာမြန်မာလို "သတင်းအတတ်ပညာအထူးပြု"ဘာသာရပ်လို့အဓိပ္ပါယ်ရပါတယ်။ Journalism ဘာသာရပ်မှာ သတင်းအတတ်ပညာကိုအဓိကထားလေ့လာသင်ကြားရမှာဖြစ်ပြီး သင်တန်းကာလကတော့ (၄)နှစ်ဖြစ်ပါတယ်။
ဗိုလ်တထောင်ကျောင်းဝင်းအတွင်းမှာ တက်ရောက်ရမှာဖြစ်တဲ့အတွက်မြို့ထဲနဲ့နီးလို့သွားလာရေးအတွက်စိတ်မပူရတော့ဘူးနော်။
Journalism မေဂျာဟာ နောင်နှစ်ဆို (၁၂) နှစ်ပြည့်ခဲ့ပြီဖြစ်ကာ အပြင်လောက လက်တွေ့ဘဝတွင်တကယ့်ထူးချွန်စွာ အောင်မြင်နေကြသော senior ကြီးများလည်းရှိပါတယ်။
သူတို့ထဲမှာ DVB၊ Skynet၊ Mrtv4 စသဖြင့် broadcasting medi တွေအပြင် Print ပိုင်းမှာဆိုလျှင် Myanmar Time၊ Eleven စသည့်နေရာများမှာ မိမိတို့ကျောင်း မိမိတို့မေဂျာမှာထွက်ရှိခဲ့သော သတင်းထောက်များစွာရှိပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ဘဝ ကိုယ့်ရဲ့အနာဂတ် ကိုယ့်ရဲ့ဆုံးဖြတ်ချက် ကိုယ့်ရဲ့နိုင်ငံအတွက် အမှန်တရားဘက်မှရပ်တည်နိုင်ပြီး ပြည်သူနှင့်အစိုးရကြား မှန်ကန်သည့်တံတားတစ်ခုတည်ဆောက်နိုင်ရန် ကျွန်တော်တို့လို မျိုးဆက်သစ်တွေလိုအပ်ပါတယ်ခင်ဗျာ။
- ဘယ်လိုဘာသာရပ်တွေ သင်ရမလဲ ?
Journalism နဲ့ သက်ဆိုင်တဲ့ဘာသာရပ်တွေဖြစ်တဲ့ သတင်းရေးသားနည်းတွေ၊သတင်းစာတစ်စောင်ဖြစ်အောင်ပြုလုပ်ရမည့်လုပ်ငန်းစဉ်တေ၊ွ Translation ၊ Reporting & Writing ၊ Data journalism, သတင်းဓာတ်ပုံပညာ၊ Radio Journalism, TV journalism တွေအပြင် Media management ၊ Law တွေ Ethicတွေ စသည်ဖြင့် လိုအပ်တဲ့ ဘာသာရပ်တွေ အကုန်လုံးကို သက်ဆိုင်ရာစာသင်နှစ်အလိုက် သင်ယူခွင့်ရမှာဖြစ်ပါတယ်။
ပြည်တွင်း၊ပြည်ပမှ ပြင်ပသတင်းစာပညာရှင်တွေ၊ ဥပဒေပညာရှင်စသဖြင့်ဆရာများစွာကလည်း သင်ကြားပေးပါတယ်။
လေးနှစ်တာအောင်မြင်ပြီးနောက် ထူးချွန်သူများအတွက် M. A(Qualify)အတန်းရှိ၍ ဆက်လက်သင်ယူရမည်ဖြစ်ပါတယ်။
ဘယ်လိုသင်ယူရမှာလဲ ?
B.A(Journalism Specialization) ဘာသာရပ်ကို လေးနှစ်တက်ရောက်ရမှာဖြစ်ပြီး စာသင်နှစ်တစ်နှစ်ကို semester နှစ်ခုခွဲကာသင်ကြားမှာဖြစ်ပြီး semester တစ်ခုမှာတော့ သင်ကြားရမည့်ဘာသာရပ်ခြောက် ခုပါဝင်မှာဖြစ်ပါတယ်။
တတိယနှစ်ရဲ့ ပထမနှစ်ဝက်မှာတော့ သတင်းစာတိုက်တွေ၊ ဒုတိယနှစ်ဝက်မှာ Radioဌာနနှင့်စတုတ္ထနှစ် ပထမနှစ်ဝက်မှာ ရုပ်သံဌာနတွေမှာInternship ဆင်းရမှာဖြစ်ပါတယ်။
ဆရာ၊ဆရာမများမှ ပို့ချခြင်းတစ်ခုတည်းမဟုတ်ဘဲ လက်တွေ့ပြသခြင်း၊ အုပ်စုဖွဲ့ဆောင်ရွက်မှုများ၊တစ်ဦးချင်းဆောင်ရွက်မှုများ ပါဝင်မှာဖြစ်ပြီး သင်ကြားတတ်မြောက်မှုကို စာမေးပွဲဖြေဆိုခြင်းသာမက စာတမ်းများရေးသားခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းစသောနည်းလမ်းများဖြင့်စစ်ဆေးသွားမှာဖြစ်ပါတယ်။
- အလုပ်အကိုင်အခွင့်အလမ်း?
Journalism ဘာသာရပ်ကိုသင်ယူပြီး သတင်းထောက်ပဲဖြစ်မှာပါဆိုတဲ့ အယူအဆတွေကို ခေါင်းထဲကနေလုံးဝဖယ်ထုတ်လိုက်ပါ။
သတင်းထောက်လုပ်ချင်လား၊ editorလုပ်မလား၊ Video journalist ပဲလုပ်မလား၊ Public Relations Officer လို့ခေါ်တဲ့ PR လုပ်မလား ၊ ဒါမှမဟုတ် သံရုံးဝန်ထမ်းလုပ်မလား အစရှိတဲ့ အလုပ်အခွင့်အလမ်းများစွာကိုလုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင်ကျောင်းကနေနှစ်စဉ်နှစ်တိုင်းပြုလုပ်ပေးလျက်ရှိတဲ့ Career Fair ကနေမှတစ်ဆင့်အလုပ်အကိုင်အခွင့်အလမ်းများ၊ internship များကိုရရှိနိုင်မှာဖြစ်ပါတယ်။
အလုပ်ခွင်သို့ဝင်ရောက်တဲ့အခါမှာလည်း internship ဆင်းပြီးသားဖြစ်တဲ့အတွက် ready ဖြစ်နေမှာပဲဖြစ်ပါတယ်။
- လူငယ်များ၏ အခန်းကဏ္ဍ
NMDC မှာ ကျောင်းအုပ်ဆရာမကြီးမှအစ ဆရာ၊ဆရာမများကပါ ကျောင်းသား၊ ကျောင်းသူများအပေါ်မှာ ယုံကြည်မှု အပြည့်အဝရှိပြီး လုပ်ပိုင်ခွင့်တွေပေးထားပါတယ်။
ကျောင်းမှာနှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ ဆရာကန်တော့ပွဲ၊ Art Show, Job Fair, Open Campus ပွဲတွေကိုလည်း ဆရာ၊ ဆရာမတွေက လမ်းညွှန်ပေးမှုသာရှိပြီး ကျောင်းသား၊ ကျောင်းသူများက ပဲ အစမှအဆုံး ဦးစီးပြီးလုပ်ကိုင်ကြတာပါ။
အကျိုးဆက်အနေနဲ့ ကျောင်းသားများဟာ ကျောင်းစာမှာထူးချွန်ရုံတင်မကဘဲ internship အတွေ့အကြုံတွေ၊ ဒီပွဲတွေကရတဲ့ သင်ခန်းစာတွေနဲ့ စာသင်နှစ်လေးနှစ်ပြည့်တဲ့အခါ အလုပ်ခွင်ထဲတန်းဝင်ဖို့ ယုံကြည်မှုအပြည့်နဲ့ အဆင်သင့်ဖြစ်နေမှာပဲ ဖြစ်ပါတယ်။
အခုဆို Journalismမေဂျာက NMDC Tvဆိုပြီး ကျောင်း၏သတင်းများစွာကို စနစ်တကျပြုလုပ်ကာ ထုတ်လွှင့်သော အဖွဲ့ကြီးတစ်ခုကို တည်ထောင်ထားပါသည်။
ယခုဆို NMDC tv ဟာတစ်နှစ်ပြည့်ခဲ့ပြီဖြစ်ရာ ကျောင်းတွင်းပြုလုပ်သော activities များ၊ပွဲများကိုအချိန်နှင့်တစ်ပြေးညီရိုက်ကူးတင်ဆက်ပေးနေပြီပဲဖြစ်ပါတယ်ခင်ဗျာ။
- ကျောင်းဝင်ခွင့်ဘယ်လိုလျှောက်ရမလဲ ?
B.A(Journalism Specialization) ကို တက်ချင်တယ်ဆိုရင် စုစုပေါင်းရမှတ် (၄၃၀) အထက်ရရှိထားလျှင် လာရောက်လျှောက်ထားသင့်ပါတယ်။
(မှတ်ချက်။ ။ ဝင်ခွင့်သတ်မှတ်ဦးရေအရ ဖြစ်ပေါ်ခဲ့သော ရမှတ်များဖြစ်ပါတယ်၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကြိုတင်မသတ်မှတ်ထားပါ)
လူကိုယ်တိုင်လာရောက်စုံစမ်းချင်ရင်လည်း National Management Degree College - အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ကျောင်းသားရေးရာဌာန (ဖုန်း ၀၁ ၂၉၂၅၆၆) သို့ လာရောက်စုံစမ်းနိုင်ပါတယ်။
ဝင်ခွင့်လျှောက်ထားခြင်း
*****************
၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၈ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများသာလျှောက်ထားနိုင်ပါသည်။
လျှောက်လွှာထုတ်ပေး/လက်ခံမည့်ရက် - ၁.၁၀.၂၀၁၈ (တနင်္လာနေ့)မှ ၁၉.၁၀.၂၀၁၈ (သောကြာနေ့) အထိ
ဝင်ခွင့်ရရှိသူများစာရင်းကြေညာချက် - ၁၅.၁၁.၂၀၁၈ (ကြာသပတေးနေ့)
လျှောက်လွှာနှင့်အတူ -
၁။ တက္ကသိုလ်ဝင်စာမေးပွဲ ရရှိသော ရမှတ်စာရင်း (မူရင်း)
၂။ လျှောက်ထားသူနှင့် မိဘနှစ်ဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
၃။ လိုင်စင်ဓာတ်ပုံ (၂) ပုံ
ဝင်ခွင့်လျှောက်လွှာများကို National Management Degree College page နှင့် website www.nmdc.edu.mm တို့တွင် download ပြုလုပ်၍ ထုတ်ယူနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: National Management Degree College