အိုင်စီတီနည်းပညာ ပိုမိုဖွံ့ဖြိုးလာစေရန် အခြေခံပညာကျောင်းများ၌ ကျောင်းသုံး ကွန်ပျူတာ နည်းပညာများကို အဆင့်မြှင့်တင်ကာ ကျောင်းသားများ နည်းပညာတွင် ပိုမိုစိတ်ဝင်စားလာစေရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အိုင်စီတီဟာ ပြောမယ်ဆိုရင် ယနေ့ကမ္ဘာမှာ ဘယ်လုပ်ငန်းမဆို အရေးကြီးတဲ့ နေရာကနေ ပါဝင်တာ အားလုံးအသိပဲ ဖြစ်ပါတယ်။
ပညာရေးမှာဆိုရင်လည်း ICT Education၊ ICT for Education ၊ ICT an Education ဆိုပြီး နေရာသုံး နေရာကနေ ပါဝင်နေပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
လက်ရှိ ICT ဟာ ဒေသတွင်းမှာ ထိပ်တန်းမရောက် သေးတာ သေချာပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းတွေကို လုပ်ဆောင် နေရင်း ကမ္ဘာ့အဆင့်ထိ တက်လှမ်းဖို့မျှော်မှန်းထားပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများက အဓိက အကျဆုံး နေရာမှ ပါဝင်နေပြီး ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာနည်းပညာကို အသုံးပြု၍ ပညာသင်ယူခွင့် ရရှိစေရန် အစိုးရ အနေဖြင့် အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်သင့် ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။
ပညာရေးကဏ္ဍတွင် အိုင်စီ တီနည်းပညာနှင့် ကျောင်းသင်ခန်း စာများပေါင်းစပ်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်တွေ့အ သုံးချနိုင်ရန် အကောင်အထည် ဖော် ဆောင်ရွက်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အိုင်စီတီနည်းပညာများ ပိုမိုစိတ်ဝင်စားလာစေရန် အခြေခံ ပညာကျောင်းများ၌ သင်ကြားမှု များကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောပါသည်။
အခြေခံပညာကျောင်းများ၌ ကွန်ပျူတာသင်ကြားရေး ဆရာ၊ ဆရာမများ ခန့်အပ်ထားသော် လည်း ကွန်ပျူတာ မလုံလောက်မှု နှင့် ရုံးလုပ်ငန်းသုံးကွန်ပျူတာများကြောင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် အလှည့်ကျစနစ် ဖြင့်သာ သင်ကြားနေရကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ကွန်ပျူတာဆရာမတစ်ဦးက ပြောသည်။
ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တို့သည် ပညာရေးကဏ္ဍ၌ အိုင်စီ တီနည်းပညာ ဖွံ့ဖြိုးတိုး တက်လာ စေရန် ၂၀၁၄ ခုနှစ်က စတင်ကာ အမျိုးသားအဆင့် အိုင်စီတီနည်းပညာ ပြိုင်ပွဲကို နှစ်စဉ်ကျင်းပနေသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7 day daily