နိုင်ငံတကာ အဆင့်မီပညာရပ်များ သင်ကြားနိုင်သော ဗြိတိသျှတက္ကသိုလ်(ရန်ကုန်) စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကိ ဇွန် (၁၄) ရက်က ရန်ကုန်မြို့ အင်းလျားလမ်း အမှတ် (၁၁) တွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။
အဆိုပါတက္ကသိုလ်တွင် နိုင်ငံရေးပညာရပ်များ၊ စိတ်ပညာရပ်များနှင့် စီးပွားရေး ပညာရပ်များပါဝင်မည်ဖြစ်ကြောင်း သိရပါတယ်။
“ ဗြိတိန်သျှတက္ကသိုလ်(ရန်ကုန်) ဖွင့်လှစ်မှုအတွက် များစွာဂုဏ်ယူမိပါတယ်။ ဗြိတိသျှယဉ်ကျေးမှုနှင့် မရင်းနှီးမှုတွေ ပြည်ပမှာ နေထိုင်ရတာတွေပါ။ ကျွန်မတုန်းကကြုံတွေ့ခဲ့ရပါတယ်။ အခုအစီအစဉ်ကတော့ ကျောင်းသားတွေကို ပညာရေးနှင့် ပုဂ္ဂိုလ်ရေးတိုးတက်မှုတွေပါ ရရှိစေပါတယ်။ ကျောင်းသားများအတွက် မိမိနိုင်ငံမှာပဲ နိုင်ငံတကာအဆင့်မီ ပညာရပ်များကို ရယူရင်း ဗြိတိန်နိုင်ငံမှာ ဆက်လက်သင်ယူနိုင်မည့် ရွေးချယ်မှုတွေ ရရှိစေမှာဖြစ်တယ် " ဟုတက္ကသိုလ်၏ ဒါရိုက်တာဖြစ်သူ Miss Emily Stephenson ကပြောကြားပါတယ်။
Read More: ဂျပန်တက္ကသိုလ်၊အသက်မွေးဝမ်းကျောင်းကောလိပ်များသို့ တိုက်ရိုက်လျှောက်ထားချင်သူများအတွက်
ဗြိတိသျှတက္ကသိုလ်(ရန်ကုန်) သည် နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ ကျောင်းသားများ ဗြိတိသျှ တက္ကသိုလ်များတွင် တက်ရောက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
Source; Daily Eleven