MSI နိုင်ငံခြားပညာရေးပညာရေးဝန်ဆောင်မှုနဲ့ Management Development Institute of Singapore (MDIS) တို့ပူးပေါင်းပြီး စင်ကာပူနှင့် နိုင်ငံတကာပညာရေးနှီးနှောရေးဖလှယ်ပွဲကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါသည်။
ပညာရေးနှီးနှောဖလှယ်ပွဲတွေကို သြဂုတ် (၃၁) ရက်၊ နေ့လည် (၁) နာရီမှ (၃) နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel (Jacaranda Meeting Room) မှာလည်းကောင်း၊ စက်တင်ဘာ (၁) ရက်၊ နေ့လည် (၁) နာရီမှ (၃) နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (Taungngu Room) မှာ လည်းကောင်းကျင်းပသွားမှာဖြစ်ပါသည်။
အထူးခံစားခွင့်အနေနဲ့ ပွဲနေ့မှစ၍ နှစ်ပတ်အတွင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုနဲ့ ကျောင်းလျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူတွေကို Application Fees စင်ကာပူဒေါ်လာ (၃၂၁) ကင်းလွတ်ခွင့်၊ ဘွဲ့ဒီဂရီတန်းလျှောက်ထားမယ့်သူတွေအတွက် Study Grant စင်ကာပူဒေါ်လာ (၁၅၀၀) နဲ့ ဘွဲ့လွန်တန်းလျှောက်ထားမယ့်သူတွေအတွက် Study Grant စင်ကာပူဒေါ်လာ (၂၀၀၀) တို့ကို ပေးအပ်သွားမှာဖြစ်ပါသည်။
ပွဲမှာ MDIS ရဲ့ School of Hospitality & Tourism Department မှ Lecturer ဖြစ်သူ Mr.Azmi Danial မှ ကျောင်းသားလူငယ်များအတွက် စိတ်ဝင်စားစရာ ဂိမ်းအစီအစဉ်များ၊ အမေးအဖြေကဏ္ဍများနဲ့ ဗဟုသုတဖလှယ်မယ့် အစီအစဉ်များစွာကို ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။
Read More:>>> (၈) တန်းအောင်ရုံနဲ့ တက်နိုင်တဲ့ စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း
ပွဲတက်ရောက်လိုသူတွေအနေနှင့် MSI ပညာရေးဝန်ဆောင်မှုဖုန်း ၀၉-၅၁၀၃၉၁၅၊ ၀၉-၄၂၀၀၃၇၆၁၆ မန္တလေး၊ ရုံးဖုန်း ၀၉-၄၄၄၄၄၃၉၁၆ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
Source: Internet