နည်းပညာတက္ကသိုလ် (မှော်ဘီ) မှာ ပထမအကြိမ်မြောက် International Conference on Engineering Education and Educational Exhibition 2018 ကို ကျင်းပသွားမယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် နဲ့ ၁၄ ရက်တွေမှာ ကျင်းပမှာဖြစ်ပြီး အင်ဂျင်နီယာဆိုင်ရာ ပညာရေးကို တိုးတက်စေချင်တဲ့ ရည်ရွယ်ချက် ၊ အင်ဂျင်နီယာ နယ်ပယ်အတွင်းရှိ လက်ရှိဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေ ရေပန်းစားနေတဲ့ အကြောင်းအရာတွေ၊ စိန်ခေါ်မှုတွေကို သိရှိစေလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနား နည်းပညာတက္ကသိုလ် (မှော်ဘီ) မှ ကျောင်းသား/ ကျောင်းသူတွေရဲ့ ပိုစတာပြိုင်ပွဲတွေ၊ ပရောဂျက်ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ICEEI 2018 ရဲ့ Technical Program မှာ ဖိတ်ကြားထားတဲ့ ဆရာ၊ ဆရာမတွေ တက်ရောက်ကြမှာဖြစ်ပြီး ဆရာ၊ ဆရာမ တွေရဲ့ ဆွေးနွေးပြောကြားချက်တွေ၊ စာတမ်းဖတ်ပွဲတွေ ပါဝင်မှာဖြစ်ပါတယ်။
စာတမ်းဖတ်ပွဲအတွက် The Best Paper Presentation ဆုကိုလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ Presentation အတွက် မိနစ် ၂၀ ရရှိမှာဖြစ်ပြီး အမေးအဖြေ ကဏ္ဍလဲ ပါဝင်မှာဖြစ်ပါတယ်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source; internet