အင်းစိန်ဂျီတီအိုင်ကျောင်းကို အကြီးစားပြင်ဆင်မှု စတင်

အင်းစိန်ဂျီတီအိုင်ကျောင်းကို အကြီးစားပြင်ဆင်မှု စတင်

‘‘အင်းစိန်ဂျီတီအိုင် ပြန်ဖွင့် နိုင်ဖို့ ပြင်ဆင်မွမ်းမံမယ့် ဘတ်ဂျက်ကို နိုင်ငံတော်အစိုးရက ကျ ခံမှာပါ။ အကြီးစားပြင်ဆင်မှုတွေ လုပ်ပါမယ်။  နှစ်ဘီလီယံလောက် ၀န်ကြီးဌာနဘတ်ဂျက်ကနေ သုံး ဖို့လျာထားပါတယ်။ ပြီးရင် ရုံးသုံး ပစ္စည်းတွေအတွက် ၀န်ကြီးဌာန ဘတ်ဂျက်ထဲကပဲ ၁ ဒသမ ၅ ဘီ လီယံထပ်သုံးပါမယ်။ စက်ပစ္စည်း တွေကိုတော့ ဂျာမနီနိုင်ငံဘက်က ပံ့ပိုးကူညီပေးမှာပါ’’ ဟု ဒေါက် တာအေးမြင့်က ပြောသည်။

အင်းစိန်ဂျီတီအိုင် ပြန်လည် ဖွင့်လှစ်နိုင်ရေး အကြီးစားပြင်ဆင် မှုစတင်သည့် အခမ်းအနားကို ဇွန်လ ၁၅ ရက်တွင် အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြီး ဇွန်လကုန်၌ ပြင်ဆင်မှုများ စတင် မည်ဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၁ ရက် တွင် ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းနှင့်ပူးပေါင်း၍ အင်းစိန်ဂျီတီ အိုင်၌နည်းပညာနှင့် သက်မွေးပ ညာသင်တန်းများ စတင်ဖွင့်လှစ် မည်ဖြစ်ရာ ယင်းနေ့မတိုင်မီ ပင်မအဆောက်အအုံကို အကြီးစားပြင်ဆင်မှုများ အပြီးဆောင်ရွက်မည်ဟု သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

အင်းစိန်ဂျီတီအိုင် အဆောက်အအုံသည် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၏ အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ထားသော ရှေးဟောင်းအဆောက်အအုံဖြစ် ၍ အကြီးစားပြင်ဆင်မှုများကို ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့နှင့် ဂျာမနီ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ အကြံပြုချက်ဖြင့် ပြုပြင်မည်ဖြစ်သည်။

ယင်းအဆောက်အအုံပြင်ဆင်ရန် တင်ဒါလျှောက်ထားသူ ဆောက်လုပ်ရေးကုမ္ပဏီ ၁၆ ခု အနက် ဆောက်လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော ကုမ္ပဏီသုံးခုကို ဇွန်လအတွင်း သတင်းစာမှတစ်ဆင့် တရားဝင် ကြေညာကာ ဇွန်လကုန် စတင် ဆောက်လုပ်ခွင့်ပြုမည်ဖြစ် ကြောင်း ဒေါက်တာအေးမြင့်က ပြောသည်။

အင်းစိန်ဂျီတီအိုင်တွင် ပြန်လည်ဖွင့်လှစ်မည့် မြို့ပြအင်ဂျင် နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်ဆက်သွယ်ရေးအင်ဂျင်နီ ယာ၊ သုတနည်းပညာအင်ဂျင်နီ ယာ သုံးနှစ်သင်တန်းများသို့ ၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲအောင် မြင်သူများအား တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

‘‘ဒီနှစ်တက္ကသိုလ်ဝင်စာမေး  ပွဲအောင်တဲ့သူတွေ လျှောက်ထား ခွင့်ရှိပါတယ်။ လျှောက်ထားတဲ့ထဲ ကမှ ရေးဖြေ၊ နှုတ်ဖြေစစ်ဆေးပြီး သင်တန်းသား ၂၀၀ လက်ခံပေးပါ မယ်’’ ဟု နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်ကပြောသည်။

သင်တန်းဝင်ခွင့်လျှောက်ထားရမည့်အချိန်ကို သတင်းစာများမှတစ်ဆင့် ကြေညာမည်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို အွန်လိုင်းမှ ကြည့်ရှုနိုင်သော Link များ

(ဆရာ၊ ဆရာမ လျှောက်ဖို့ ၀ါသနာပါသူများအတွက် - ၀ိဇ္ဇာ-သိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကောလိပ်များအတွက် နည်းပြသရုပ်ပြအသစ်များ စတင်ခေါ်ယူ)

Source: 7 day daily

Government School Read 3000 times