အင်းစိန်ဂျီတီအိုင်ကျောင်း ပြုပြင်ပြီးစီးပါက ညနေပိုင်းအင်ဂျင်နီယာသင်တန်းများ ဖွင့်လှစ်မည်

အင်းစိန်ဂျီတီအိုင်ကျောင်း ပြုပြင်ပြီးစီးပါက ညနေပိုင်းအင်ဂျင်နီယာသင်တန်းများ ဖွင့်လှစ်မည်

ယခင် ၁၉၅၄ ခုနှစ်မှစတင်ပြီး ၁၉၉၁ ခုနှစ်အထိ အင်းစိန်ဂျီတီအိုင် ၊ မန္တလေးဂျီတီအိုင် ၊ ရန်ကုန်မြို့အစိုးရ စက်မှုလက်မှု အထက်တန်းကျောင်းအမှတ် (၁) ၊ (၂) တို့တွင် E.T.E.C (Diploma), E.G.T.I (Diploma) သင်တန်းများကို ညနေပိုင်းသင်တန်းများအဖြစ် ဖွင့်လှစ်ခဲ့ပါသည်။

လက်ရှိတွင် စက်မှုလက်မှုအထက်တန်းကျောင်းအမှတ် (၁) တွင် စင်ကာပူ-မြန်မာသင်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး အမှတ် (၂) ကျောင်းမှာ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်အဖြစ်လည်းကောင်း ၊ အင်းစိန်ဂျီတီအိုင်မှာ လက်ရှိတွင် ပညာရေးဝန်ကြီးဌာနမှ ပြုပြင်လျက်ရှိပြီး ပြုပြင်ပြီးစီးမှသာ သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

E.T.E.C (Diploma), E.G.T.I (Diploma) သင်တန်းများကို အင်းစိန်ဂျီတီအိုင်ကြီး ပြင်ဆင်ဆောင်ရွက်ပြီးတဲ့ အချိန် ဒီသင်တန်းမှာ ဆောင်ရွက်ပြသမယ့် ဆရာ ၊ ဆရာမတွေကို စုစည်းပြီးတဲ့အချိန်မှာ ဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။

ညနေသင်တန်းများဖြစ်သည့် E.T.E.C (Diploma), E.G.T.I (Diploma) သင်တန်းများကို ဖွင့်လှစ်ပေးခြင်းသည် အင်ဂျင်နီယာဘာသာရပ်ဖြင့် အသက်မွေးလိုသူများအတွက် အခွင့်အရေးတစ်ရပ် ရရှိမည်ဖြစ်ပါသည်။

လက်ရှိတွင် အစိုးရ စက်မှုလက်မှု သိပ္ပံနှင့် အစိုးရ နည်းပညာအထက်တန်းကျောင်း ၅၆ ကျောင်းကို ဖွင့်လှစ်ထားပြီး AGTI ဒီပလိုမာနှစ် နှစ်သင်တန်းနှင့် အထက်တန်းကျောင်း နှစ် နှစ် သင်တန်းများကို ဖွင့်လှစ်နေကြောင်း ၊ တက်ရောက်နေသော ကျောင်းသားဦးရေ ၆၈၀၀ ကျော်ရှိကြောင်း သိရသည်။

Source: democracy today

Government School Read 1812 times