အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာကောလိပ်များတွင် အင်းစိန် AGTI ၏ ၀င်ခွင့်အမှတ်မှာ အမြင့်ဆုံးဖြစ်

အစိုးရစက်မှုလက်မှု သိပ္ပံများနှင့် အစိုးရနည်းပညာကောလိပ်များတွင် အင်းစိန် AGTI ၏ ၀င်ခွင့်အမှတ်မှာ အမြင့်ဆုံးဖြစ်

အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာကောလိပ် ၂၅ ကျောင်းမှ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် အေဂျီတီအိုင် သုံးနှစ်သင်တန်းများ၏ ပထမနှစ်သင်တန်းသားများကို ရွေးချယ်ရာတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရရှိခဲ့သော အင်္ဂလိပ်စာနှင့် သင်္ချာ နှစ်ဘာသာပေါင်းရမှတ်ဖြင့် ရွေးချယ်ဝင်ခွင့်ပေးခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) သည် အမြင့်ဆုံးရမှတ် ၁၇၀ ဖြင့် ကျောင်းအားလုံးထဲ တွင် အမြင့်ဆုံးဖြစ်ခဲ့သည်။

ထိုကျောင်း၏ အနိမ့်ဆုံးရရှိခဲ့သော အမှတ်သည်ပင် နှစ်ဘာသာပေါင်း ၁၄၄ မှတ် အထိ ရှိခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

READ - B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုမည်

“ခေါ်တာကတော့ နှစ်ဘာသာပေါင်း ၁၅၀ ဆိုပေမယ့် ၀င်ခွင့်လက်ခံနိုင်မှုနဲ့ လျှောက်ထား ခဲ့သူ တွေကို ပြန်ပြီး တွက်ချက်ရာမှာ ကျောင်းသား ဦးရေ မပြည့်မီသေးတဲ့ ကျောင်းတွေ ကတော့ ၀င်ခွင့်အမှတ် နည်းနည်းနဲ့ ၀င်ခွင့် ရရှိတာပေါ့။ တချို့နေရာတွေက လျှောက်ထား သူ နည်းတယ်။ လျှောက်တဲ့သူကလည်းနည်းတော့ ၀င်ခွင့်မှတ်က နည်းသွားတယ်။ နောက်ဆုံးနှစ်တက်ပြီး ဘာသာရပ်အသီးသီးကို ပျမ်းမျှ ၇၅ မှတ် လောက်ဆိုရင် နည်းပညာ တက္ကသိုလ်များကို ပေါင်းကူးခွင့်ရမှာပါ” ဟု ပြောသည်။

ယခုနှစ်တွင် အေဂျီတီအိုင် သုံးနှစ်သင်တန်းများကို အစိုးရနည်းပညာ အထက်တန်းကျောင်းများမှ အောင်မြင်ထားသူများကိုလည်း စိစစ်ရွေးချယ် လက်ခံခဲ့သည်။

သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဒီပလိုမာလက်မှတ်ကို ချီးမြှင့်ပေးသွားမည် ဖြစ်သည်။

အဆိုပါ သုံးနှစ်သင်တန်းများတွင် သတ်မှတ်အရည်အချင်းပြည့်မီပါက နည်းပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းများကို ပေါင်းကူး လျှောက်ထားခွင့် ရရှိမည် ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Government School Read 8279 times