ကိရိယာများ ကို ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်း က ပံ့ပိုး ပေးမည်ဟု နည်းပညာ၊ အသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က ပြော သည်။
အင်းစိန်ဂျီတီအိုင်ကျောင်း၏ ပထမနှစ် A.G.T.I သင်တန်းများကို ၂၀၁၇-၁၈ ပညာသင်နှစ် ဒီဇင်ဘာ ၁ ရက်က ပြန်လည်ဖွင့်လှစ်ခဲ့ ပြီး ယင်းကျောင်းသား၊ ကျောင်းသူများ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းများ တက်ရောက်ချိန်တွင် လိုအပ်မည့် သင်ထောက်ကူ ပစ္စည်း ကိရိယာများကို GIZ က ပံ့ပိုးပေးမည်ဖြစ်သည်။
‘‘ပထမနှစ် သင်တန်းကတော့ Academic ပိုင်းပဲဆိုတော့ သင်ထောက်ကူပစ္စည်း လုံ လောက်ပါတယ်။ Drawing တို့ ဘာတို့အတွက် ဆရာတို့ဆီမှာ သင်ထောက်ကူပစ္စည်းစုံပါတယ်။ ဒုတိယနှစ်ကျရင်တော့ Practical (လက်တွေ့) ကို အဓိကထားသင် ရမှာဖြစ်တဲ့အတွက် ၂၀၁၈ ထဲမှာ ပဲ ဂျာမနီနိုင်ငံက ပစ္စည်းတွေ ရောက်လာပါလိမ့်မယ်’’ဟု ဒေါက်တာအေးမြင့်က ပြောသည်။
READ - ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလ်ဂိတ်ကပေးအပ်သည့် ပညာသင်ဆု
အင်းစိန်ဂျီတီအိုင်ကျောင်းတွင် မြို့ပြအင်ဂျင်နီယာ၊ အီ လက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပ ညာဘာသာရပ်ငါးခုဖွင့်လှစ်ထား ပြီး သုံးနှစ်သင်တန်းပြီးဆုံးပါက A.G.T.I ဒီပလိုမာပေးအပ်မည် ဖြစ်သည်။
ထို့အပြင် သတ်မှတ် အရည်အချင်းနှင့်ကိုက်ညီပါက နည်းပညာတက္ကသိုလ်တတိယ နှစ်သို့ ပေါင်းကူးတက်ရောက်ခွင့် ပြုမည်ဖြစ်သည်။
အင်းစိန်ဂျီတီအိုင်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ၌ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာ သာရပ်များပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်သူများအား လျှောက်ထားခွင့်ပြုခဲ့သည်။
ယင်း အပြင် အစိုးရစက်မှုလက်မှုအ ထက်တန်းကျောင်းနှင့် ပညာရေး ဝန်ကြီးဌာန၏ စင်ကာပူ-မြန်မာ အသက်မွေး ပညာသင်တန်းကျောင်း မှ ထူးချွန်သူများအား လျှောက်ထားခွင့်ပြုခဲ့ရာ လျှောက်ထားသူ ၂,၆၀၀ ကျော်အနက် ၂၂၀ ကျော် တက်ရောက်ခွင့်ရခဲ့သည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီ ၁၃ ရက်က အင်းစိန်ဂျီတီအိုင်ကျောင်းသားဟောင်း အသင်းက ဦးဆောင် ပြီး ကျောင်းဝင်းအတွင်း ကျင်းပ ခဲ့သည်။
အင်းစိန်ဂျီတီအိုင်ကျောင်း အဆောက်အအုံသည် ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့၏အပြာရောင် ကမ္ပည်းပြား တပ်ဆင်ထားသော ရှေးဟောင်းအဆောက်အအုံဖြစ်၍ အကြီးစားပြင်ဆင်မှုများကို ရန် ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့နှင့် ဂျာမနီ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ၏အကြံပြုချက်ဖြင့် ပြုပြင်နေသည်။
ကျောင်းဖွင့်စ ကာလက အဆိုပါကျောင်းအဆောက်အ အုံ၏အင်းစိန်လမ်းမဘက်အခြမ်း စာသင်ဆောင်များသာ ပြင်ဆင်မွမ်းမံကာ စာသင်ခန်း၊ ဓာတ် ခွဲခန်းများအဖြစ် အသုံးပြုခဲ့သည်။ လက်ရှိတွင် ကျောင်းမျက်နှာစာရှိ ပင်မကျောင်းဆောင်အပါအဝင် စာသင်ဆောင် အများစုကို အကြီး စားပြင်ဆင်မှုများ ဆက်လက်ပြု လုပ်နေသည်။
အင်းစိန်ဂျီတီအိုင်သည် မြန်မာနိုင်ငံ၏ ပထမဆုံးစက်မှုလက်မှုပညာသင်ကျောင်းဖြစ်ပြီး ကျောင်းအဆောက်အအုံ သည် (၁၂၂)နှစ် သက်တမ်းရှိသည်။ အဆိုပါကျောင်းကို ၂၀၀၀ ပြည့် နှစ်တွင် စတင်ပိတ်ထားရာ ၂၀၁၆ ၌ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက ပညာရေး ဝန်ကြီးဌာနသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: 7day daily