အင်းစိန်ဂျီတီအိုင်ကျောင်းသို့ ကျောင်းသား ၂၇၀ ဦးတက်ခွင့်ရ

အင်းစိန်ဂျီတီအိုင်ကျောင်းသို့ ကျောင်းသား ၂၇၀ ဦးတက်ခွင့်ရ

အင်းစိန်ဂျီတီအိုင် တက် ရောက်ခွင့်ရသူများစာရင်းကို နို ၀င်ဘာ ၂၇ ရက်က ပညာရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက် (www.moe.gov.mm) က ကြေညာခဲ့ရာ ကျောင်းသား ၂၂၃ ဦးနှင့်ကျောင်းသူ၄၇ ဦးတက်ရောက်ခွင့်ရခဲ့သည်။

‘‘အင်းစိန်ဂျီတီအိုင်က ဒီနှစ် ပြန်ဖွင့်တာဆိုတော့ လူတိုင်းက စိတ်ဝင်စားမှု တော်တော်မြင့် တက်တာတွေ့ရတယ်။ လျှောက် ထားတဲ့သူလေးထောင်ကျော်ရှိ နေတယ်။ ပထမဆုံးစဖွင့်တဲ့နှစ် ဖြစ်လို့ လက်ခံဖို့သတ်မှတ်ထားတဲ့ အရေအတွက်က နှစ်ရာဦးပဲ။ အဲဒီထဲကမှ အရင်ကျောင်းစခေါ် ကတည်းက ကြေညာထားတဲ့အ တိုင်း သင်္ချာနဲ့အင်္ဂလိပ်စာအမှတ် ပေါင်းပေါ် မူတည်ရွေးချယ်တာ ပေါ့’’ ဟု နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာ အေးမြင့်က ပြောသည်။

အင်းစိန်ဂျီတီအိုင်တွင် မြို့ပြ အင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီ ယာ၊ သုတနည်းပညာဘာသာရပ် A.G.T.I သင်တန်းငါးခုဖွင့်လှစ် မည်ဖြစ်ပြီး A.G.T.I သုံးနှစ်သင် တန်းပြီးဆုံးပါက ဒီပလိုမာပေး အပ်မည်ဖြစ်သည်။

READ - B.Tech ဘွဲ့ရရှိထားသူများ အသက်ကန့်သတ်ချက်မရှိဘဲ B.E ဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုမည်

ထို့အပြင် သတ်မှတ်အရည်အချင်းနှင့်ကိုက် ညီပါက နည်းပညာတက္ကသိုလ် တတိယနှစ်သို့ ပေါင်းကူးတက် ရောက်ခွင့်ပြုသည်။

အင်းစိန်ဂျီတီအိုင်ဝင်ခွင့်အ တွက် ၂၀၁၇ တက္ကသိုလ်ဝင်စာ မေးပွဲ၌ သင်္ချာ၊ ရူပဗေဒ၊ ဓာတု ဗေဒဘာသာရပ်များပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်သူများ ကို အောက်တိုဘာ ၁၉ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ လျှောက် ထားခွင့်ပြုခဲ့သည်။

ယင်းတို့အနက် အင်္ဂလိပ်စာ နှင့် သင်္ချာဘာသာရပ်နှစ်ခုပေါင်း ရမှတ်အမြင့်ဆုံးရ သူများ ကို ဦး စားပေးလက်ခံခဲ့သည်။

အင်းစိန်ဂျီတီအိုင်ကျောင်း သည် မြန်မာနိုင်ငံ၏ ပထမဆုံး သော စက်မှုလက်မှု ပညာသင် ကျောင်းဖြစ်ပြီး ကျောင်းအ ဆောက်အအုံသည် နှစ်ပေါင်း ၁၂၂ နှစ်သက်တမ်းရှိသည်။

အ ဆိုပါကျောင်းကို ၂၀၀၀ ပြည့် နှစ် တွင် စတင်ပိတ်ထားခဲ့ရာ ၂၀၁၆ ၌ ရန်ကုန်မြို့ တော်စည်ပင်သာ ယာရေးကော်မတီက ပညာရေး ၀န်ကြီးဌာနသို့ ပြန်လည်လွှဲ ပြောင်းပေးခဲ့သည်။

 အင်းစိန်ဂျီတီအိုင် အ ဆောက်အအုံကို ပြန်လည်ဖွင့် လှစ်ရန် ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်မှ အကြီးစားပြင်ဆင် စရိတ် ကျပ်နှစ်ဘီလီယံ၊ ရုံးသုံး ပစ္စည်းဝယ်ယူစရိတ် ကျပ် ၁ ဒသမ ၅ ဘီလီယံ သုံးစွဲထားပြီး ဂျာမနီနိုင်ငံ GIZ အဖွဲ့အစည်းမှ သင်ကြားရေး စက်ပစ္စည်းများ ပံ့ ပိုးပေးကြောင်း အင်းစိန်ဂျီတီအိုင် ပြန်လည်ဖွင့်လှစ်နိုင်ရေး အကြီး စား ပြင်ဆင်မှုစတင်သည့်အခမ်း အနားတွင် သတင်းထုတ်ပြန်ထား သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7day daily

News Read 2705 times