သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ပြည်ပနိုင်ငံများသို့ စေလွှတ်မည်

သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ပြည်ပနိုင်ငံများသို့ စေလွှတ်မည်

ဘယ်နှစ်ယောက်လွှတ်မလဲဆိုတာ အခုအချိန်ထိ ညှိနှိုင်းနေတုန်းပဲ။ Hitachi နဲ့ Fujitsu တို့က ကမ်းလှမ်းထားပါတယ်။

တောင်ကိုရီးယားကုမ္ပဏီက ကျောင်းသားတစ်ဦးကို စပြီးတော့ လက်ခံကြည့်မယ်ပေါ့။ အဲဒီကျောင်းသားက တော်လည်းတော်တယ်၊ လုပ်နိုင်တယ်၊ တောင်ကိုရီးယားမှာ မာစတာထပ်တက်ချင်တယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ပညာသင်ဆုတွေပေးပြီး ဆက်တက်စေမယ်ပေါ့။

ပြီးသွားရင် မြန်မာနိုင်ငံပြန်လာပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ၀ိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ပါတယ်။

တခြားကုမ္ပဏီတွေကလည်း ကမ်းလှမ်းထားပါတယ်၊ လုပ်ငန်းခွင်အကြို သင်တန်းလွှတ်မှာ ဖြစ်တာမို့ ပြည်တွင်းကုမ္ပဏီလွှတ်တာ ကိစ္စမရှိပါဘူး။ ပြည်ပကုမ္ပဏီလွှတ်တဲ့အခါမှာ ကျောင်းသားတွေရဲ့ အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ နေထိုင်စားသောက်မှု၊ လေယာဉ်စရိတ်တို့အကုန်လုံး သူတို့အကုန်အကျခံပါ့မယ်လို့ အသေအချာ ညှိနှိုင်းနေတာပါ။

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်ဖွင့်သည့်အချိန်မှစ၍ ငါးနှစ်သင်ကြားမည့် ပရိုဂရမ်တွင် နောက်ဆုံးနှစ် (ပဉ္စမနှစ်) ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် ဒုတိယနှစ်ဝက်တွင် လုပ်ငန်းအကြိုသင်တန်းပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် လုပ်ငန်းအတွေ့အကြုံယူမည့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၆၈ ဦး ရှိပြီး ပြည်ပသို့ လေ့လာရန် စေလွှတ်ခြင်းမခံရသူများကို ပြည်တွင်းနည်းပညာကုမ္ပဏီများနှင့် ချိတ်ဆက်၍ အတွေ့အကြုံရယူနိုင်စေရန် စီစဉ်သွားမည် ဖြစ်ပါသည်။

Source: မြ၀တီ

News Read 4268 times