စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) မှကာလတိုသင်တန်းများဖွင့်မည်

စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း (SITE) မှကာလတိုသင်တန်းများဖွင့်မည်

သင်တန်းတွေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၈ ရက်မှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းတွေကို ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ဦးစီးဌာနနဲ့ Sea Lion ကုမ္ပဏီ၊ ဂျာမန် FESTO ကုမ္ပဏီတို့ ပူးပေါင်းကာ ဖွင့်လှစ်တာ ဖြစ်ပါတယ်။

Certificate in Industrial Technologies သင်တန်းကိုတက်ရောက်လိုသူတွေဟာ တက္ကသိုလ်ဝင်စာမေးပွဲမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲပါဝင်တဲ့ ဘယ်ဘာသာရပ်မဆို အောင်မြင်ထားသူတွေ လျှောက်ထားနိုင်ပြီး

အနိမ့်ဆုံးအဆင့် GTHS (EcT, ET, MT, AMT, RACT, IT) နဲ့ ITC (Machine Tools Operator, Machinery Fitter, Tools & Die Maker, Mechanical Draftman, Patttern Maker, Automobile Machanic, Electrician,

Electronics Mechanic, CAD/CAM, CNC Operator, Welder, Foundry ) သင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

Advanced Certificate in Industrial Automation သင်တန်းကို အနိမ့်ဆုံးအဆင့် GTI (EC, EP, Mechnical, IT) အောင်လက်မှတ် ရရှိသူတွေ၊ Certificate in Industrial Technologies သင်တန်းအောင်မြင်ပြီးသူတွေ လျှောက်ထားနိုင်ပါတယ်။

သင်တန်းကာလ ၄ လကြာမြင့်မှာဖြစ်ပြီး သင်တန်းတက်ရောက်ရန် ပဏာမ ရွေးချယ်ခံရပြီးသူတွေဟာ အင်တာဗျူးဖြေဆို ရမှာဖြစ်ပါတယ်။ သင်တန်းလျှောက်လွှာတွေကို မေလ ၂ ရက်မှ စတင်ကာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအတွင်း

စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်းမှာ ထုတ်ယူနိုင်ပြီး မေလ ၁၅ ရက် နောက်ဆုံးထား ပြန်လည်လျှောက်ထားရမှာဖြစ်ပါတယ်။

အသေးစိတ်သိရှိ လိုသူတွေအနေနဲ့ စက်မှုနည်းပညာ လေ့ကျင့်သင်ကြားရေး သင်တန်းကျောင်း (School of Industrial Training and Education) နတ်မောက်လမ်းသွယ် ၁၊ ဗိုလ်ချို ၂ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း – ၀၁- ၅၅၅၈၂၄၊ ၅၅၆၅၈၃၊ ၀၉ ၂၅၅၅၆၁၁၉၁ ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Source;Internet Journal

News Read 1584 times