တက္ကသိုလ်တွေမှာ သင်ကြားရေးနည်းစနစ်တွေ အဆင့်မြှင့်တင်တာ၊ နေရာမျိုးစုံကနေ သင်ခန်းစာတွေကို သင်ယူနိုင်ဖို့ တက္ကသိုလ်တွေမှာ အင်တာနက်ချိတ်ဆက်မှုတွေ အားနည်းနေသေးတယ်လို့ သိရပါတယ်။
မိမိဆရာမ ပို့ချတဲ့သင်ခန်းစာတွေကို ဘယ်နေရာကမဆို သတ်မှတ်ထားတဲ့အချိန်မှာ ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်းသား အချင်းချင်း အတွေ့အမြင်တွေ ဖလှယ်နိုင်ဖို့က တက္ကသိုလ်နယ်မြေကို အသုံးချတယ်ဆိုတာ နိုင်ငံတကာ ပညာရေးနယ်မြေတွေမှာ လုပ်ကြတာဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
မိမိရောက်ရှိတဲ့ နေရာမှာပဲ မိမိ ရဲ့သင်ခန်းစာတွေကို လက်လှမ်းမီတာမျိုး ဖြစ်နေ ရပါမယ်၊ မိမိရရှိတဲ့ အတွေ့အကြုံတွေကို သတ်မှတ်တဲ့နေ့တွေမှာ လာရောက် ပြီး အတွေ့အကြုံတွေ သင်ကြားမှုတွေကို ပါဝင်ဆောင်ရွက်နိုင်ရပါ့မယ်၊ တက္ကသိုလ်က အားလုံးရဲ့အရင်းအမြစ် အနေနဲ့ လုပ်ဆောင်ရတာဖြစ်ပါတယ်၊ ဒီလို ဖြစ်ဖို့ဆိုတာ အင်တာနက်ချိတ်ဆက်မှုတွေရဖို့ လိုအပ်ပါတယ်။
လက်ရှိမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ သင်ကြားပို့ချနေတဲ့ဆရာ ဆရာမတစ်ချို့အနေနဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်ခ် စာမျက်နှာကနေတစ်ဆင့် ကျောင်းသူ ကျောင်းသားတွေကို အုပ်စုဖွဲ့ပြီး သင်ခန်းစာတွေ ပို့ချပေးတာမျိုးတွေကို တစ်နိုင် တစ်ပိုင်ပြုလုပ်ပေးနေတာတွေရှိတယ်လို့ သိရပါတယ်။
ဆရာတို့အနေနဲ့ အဝေးသင်ပညာရေးထက် Campus ကို အခြေပြုတဲ့သင် ကြား နည်းစနစ်ကိုပဲ လိုအပ်ပါတယ်၊ အဲဒီ လိုပြောလိုက်တဲ့အခါ အင်တာနက်ချိတ် ဆက်မှုတွေ လိုလာပါတယ်၊ သင်ကြားရေးဇုန်တွေ အားလုံး အင်တာနက်ချိတ်ဆက်မှု မလွှမ်းခြုံ နိုင်သေးပါဘူး။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်အနေနဲ့ Campus တစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့အင်တာနက်ချိတ်ဆက်မှုရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်နေတာကြောင့် နိုင်ငံတော်ဘတ်ဂျက်ခွင့်ပြုတဲ့ အခြေအနေပေါ် မူတည်ပြီး အင်တာနက်ချိတ်ဆက်မှုတွေ ရအောင်စီစဉ်နေပါတယ်။
လက်ရှိ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှာ တက်ရောက်နေတဲ့ကျောင်းသူ ကျောင်းသားပေါင်း ၁၁,၇၀ဝ ကျော်ရှိတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က စာရင်းအရ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudra journal