မြန်မာတစ်ဝှမ်းရှိ သတင်းစာ ဆရာ/ဆရာမများအတွက် အသေးစားထောက်ပံ့ကြေး အစီအစဉ်

မြန်မာတစ်ဝှမ်းရှိ သတင်းစာ ဆရာ/ဆရာမများအတွက် အသေးစားထောက်ပံ့ကြေး အစီအစဉ်

The Civil Society and Media Project

"လူထုအကျိုးပြု သတင်းနှင့် သတင်းဆောင်းပါး ထဲထဲဝင်ဝင် ရေးသားထုတ်လုပ်ရန် နှင့် တီထွင်ဆန်းသစ်မှုများ အတွက် ထောက်ပံ့မှုအစီအစဉ်"

(In-depth Reporting and Innovation Support Scheme- IRISS)

In-depth Reporting: မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသောအခြေအနေများတွင် ပြည်သူ လူထု သိသင့်သိထိုက်သော အကြောင်းအရာများစွာအား သတင်း၊ သတင်းဆောင်းပါးများအဖြစ် ထဲထဲဝင်ဝင် ရေးသား ထုတ်လုပ်လိုပါသလား။

ဥပမာအားဖြင့်-

• ပြင်ဆင်၊ ပယ်ဖျက်၊ ပြဌာန်းသင့်သည့် တည်ဆဲဥပဒေများနှင့် နည်းဥပဒေဆိုင်ရာများကို လက်တွေ့ကြုံတွေ့နေရသည်တို့နှင့် ဆက်စပ်ရေးသားခြင်း

• လူမှုအသိုက်အ၀န်းများအကြား အတူတကွငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးဆိုင်ရာ အကြောင်းအရာများ

• ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် လိုအပ်ချက်များ

• ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ဆက်စပ်သည့် အကြောင်းအရာများကို ဖော်ထုတ်ရေးသားခြင်း

• နိုင်ငံသားများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြောင်းအရာများ ဖော်ထုတ်ရေးသားခြင်း

• တိုင်ရင်းသားလူမျိုးစုအခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကြောင်းအရာများ

• မြေယာအငြင်းပွာမှု ပြဿနာများ နှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ

• ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများရင်ဆိုင်နေရသော စိန်ခေါ်မှုများ

• နိုင်ငံသားနှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ နစ်နာဆုံးရှုံးမှုများနှင့် ပြုပြင်ပြောင်းလဲရန် လိုအပ်ချက်များ

• ပဋိပက္ခဖြစ်ပွားသောဒေသများရှိ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကြောင်းအရာများ

စသည့် သတင်း၊ သတင်းဆောင်းပါး၊ ဓာတ်ပုံမှတ်တမ်း၊ ရေဒီယို နှင့် ရုပ်သံအစီအစဉ်များကို ထဲထဲဝင်ဝင် ရေးသားထုတ်လုပ် လိုသူများ အနေဖြင့် မိမိတို့၏ သတင်းထုတ်လုပ်မှုလုပ်ငန်းအား အများပြည်သူသိရှိစေရန် ထူးခြားဆန်းသစ်သော နည်းလမ်းများဖြင့် တင်ပြလိုသူများကို ထပ်မံဖိတ်ခေါ်လိုက်ပါသည်။

အထက်ဖော်ပြပါ အကြောင်းအရာများအပြင် ဒေသအသီးသီးတွင် ဖြစ်ပေါ်ပြောင်းလဲနေသော လူထုသိသင့် သိထိုက်သော အကြောင်းအရာများကို ရေးသားတင်ဆက်လိုပါက သတင်းစာ ဆရာ/ ဆရာမများ အနေဖြင့် လျှောက်ထားနိုင်ပါသည်။

အဆိုပြုလျှောက်ထားသူများအနေဖြင့် ရေးသားထုတ်လုပ်မှုများကို သတ်မှတ်အချိန်ကာလတွင်း မိမိကတိပြုထားသည့် မီဒီယာများမှ တစ်ဆင့်ထုတ်လုပ်ရမည်ဖြစ်သည်။

Innovation: သတင်းမီဒီယာအဖွဲ့အစည်းများ နှင့် မီဒီယာကွန်ရက်များမှ မိမိတို့၏ သတင်းလုပ်ငန်းအား အများပြည်သူ သိရှိစေရန် ထူးခြားဆန်းသစ်သော နည်းလမ်းများဖြင့် ပြင်ဆင်ပြောင်းလဲတင်ပြလိုပါသလား။

ဥပမာအားဖြင့်-

• ဒီဂျစ်တယ်နည်းစနစ်(မိုဘိုင်းဆက်သွယ်ရေး)ဖြင့် အသုံးပြု၍ သတင်းထုတ်လွှင့်ခြင်း၊

• လက်ရှိသတင်းမီဒီယာလုပ်ငန်းအား ပုံစံသစ်ဖြင့် စမ်းသပ်ထုတ်လုပ်ခြင်း၊

• ၀က်ဆိုက်ဒ်ဒီဇိုင်းပြင်ဆင်ရေးဆွဲခြင်း၊

• မီဒီယာဈေးကွက် မြှင့်တင်ရေးနှင့် သက်ဆိုင်သော နည်းလမ်းသစ်များ ဖော်ထုတ်ခြင်း

• ဒီဂျစ်တယ် မီဒီယာ အသုံးချရန် ၊ ချဲ့ထွင်ရန် နည်းလမ်းများ

• သတင်းဖြန့်ချိရေးဆိုင်ရာ နည်းလမ်းသစ်များ ပူးပေါင်းဆောင်ရွက်ခြင်း စသည့် အစီအစဉ်များကို လျှောက်ထားနိုင်ပါသည်။

အဆိုပါ အစီအစဉ်များအတွက် လျှောက်ထားနိုင်သည့် ကုန်ကျစရိတ်များမှာ

• သတင်းနှင့် သတင်းဆောင်းပါးရေးလိုသူများအတွက် ခရီးစရိတ်၊ စားသောက်စရိတ်၊ တည်းခိုစရိတ်၊ ဆက်သွယ်ရေးစရိတ်၊

• ဆန်းသစ်တီထွင်လိုသောမီဒီယာအဖွဲ့အစည်းနှင့် ကွန်ရက်များအနေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အတွက် ကုန်ကျမည့် အနီးစပ်ဆုံး ခန့်မှန်းငွေကြေးပမာဏ တို့ဖြစ်သည်။

အင်တာနယူးစ်မှ ထောက်ပံ့မည့် ပမာဏမှာ ကျပ် တစ်သိန်း (၁၀၀,၀၀၀) မှ ကျပ်ဆယ့်ငါးသိန်း(၁,၅၀၀,၀၀၀) အတွင်းဖြစ်ပြီး(အများဆုံးခွင့်ပြုနိုင်သည့်) လုပ်ငန်းကာလမှာ သုံးလ ဖြစ်ပါသည်။

အဆိုပါ အစီအစဉ်များအတွက် လိုအပ်သောအကြံဥာဏ်များကိုအင်တာနယူးစ်မှ ကူညီပံ့ပိုးပေးမည်ဖြစ်သည်။

စိတ်ပါဝင်စားသူများ အနေဖြင့် [email protected]သို့ သိရှိလိုသောအသေးစိတ် အချက်အလက် များကိုမေးမြန်းနိုင်ပြီး အထက်ပါအီးမေးလ်သို့ ပူးတွဲပါ အဆိုပြုလွှာဖိုင်ဖြင့် ၂၀၁၈ခုနှစ် နိုဝင်ဘာ (၁၅)ရက် နောက်ဆုံးထား လျှောက်ထားနိုင်ပါသည်။

ပဏာမရွေးချယ်ခံရသူများကို လျှောက်လွှာပိတ်ပြီး နှစ်ပတ်အတွင်း ပြန်လည်ဆက်သွယ်သွားမည်ဖြစ်သည်။

မိမိတို့ရေးသားမည့် သတင်းအကြောင်းအရာ လိုအပ်ချက်အရ အချိန်ကိုက်ဆောင်ရွက်ရန် ရှိပါက စောလျင်စွာလျှောက်ထားနိုင်ပြီး အမြန်ဆုံး စဉ်းစားဆောင်ရွက်ပေးရန် လျှောက်လွှာတွင် ရေးသားဖော်ပြကာ လျှောက်ထားနိုင်ပါသည်။

ရွေးချယ်ခံရပါက အင်တာနယူးစ်နှင့် သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်ဖြစ်ကာ လက်မှတ်ရေးထိုးပြီးပါက အဆိုပြုထားသည့် ထောက်ပံ့ကြေးငွေ၏ ၅၀ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

သတင်းစာဆရာ/ဆရာမများ အဆိုပြုလွှာတွင် ကတိပြုထားသည့်အတိုင်း သတင်းဌာန၌ ဖော်ပြပြီးမှသာ ကျန်ရှိသော ထောက်ပံ့ကြေး ၅၀ ရာခိုင်နှုန်းကို ဆက်လက်ရရှိမည်ဖြစ်သည်။

FHI 360 ဦးဆောင်သည့် USAID Civil Society and Media Project စီမံချက်၏ မီဒီယာအစီအစဉ်တခုအနေဖြင့် Internews က ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

အဆိုပါ အစီအစဉ်အတွက် လျှောက်လွှာများရယူလိုပါက အောက်ဖော်ပြပါ google drive Link တွင် ဒေါင်းယူနိုင်ပြီး ဒေါင်းလုတ်ရယူရန် အခက်အခဲရှိပါက ယခုပို့စ်၏ Comment Box (သို့မဟုတ်) [email protected] တို့တွင် တောင်းယူနိုင်ပါသည်။

https://drive.google.com/file/d/1MvjZhI7tNI990s5YXrj7qYrDj-Qh5ZgD/view?fbclid=IwAR2sR_G51HlTtRKzZ8bhEPyE4IcCQfVR_0W9aKwBRVg5qGkCFhdL6rBPUM8

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

ပညာရေး နဲ့ ဆိုင်တဲ့ အချက်အလက်လေးတွေ အချိန်နဲ့တစ်ပြေးညီ သိချင်တယ်ဆိုရင်တော့ Myanmar Education Directory facebook page ကို Like & Follow လုပ်ထားဖို့ မမေ့နဲ့အုံးနော်။

News Read 1802 times