တက္ကသိုလ်များ သင်ကြားရေးစနစ်တိုးတက်ရန် အေဒီဘီပံ့ပိုးကူညီ

တက္ကသိုလ်များ သင်ကြားရေးစနစ်တိုးတက်ရန် အေဒီဘီပံ့ပိုးကူညီ

AUN နဲ့ ADB တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာနိုင်ငံတို့မှာရှိတဲ့ တက္ကသိုလ်တွေရဲ့ သင်ကြားမှုစနစ်တွေ ၊ အရည်အသွေးတွေ တိုးတက်လာဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ တက္ကသိုလ်တွေရဲ့ သင်ကြားမှုအဆင့်မြှင့်တင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

အေဒီဘီဘဏ်က အာဆီယံသေသတွင်း ပံ့ပိုးပေးရန် လိုအပ်နေသော စီအယ်လ်အမ်သုံးနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား ၊ လာအို နှင့် မြန်မာနိုင်ငံတို့အတွက် ပညာရေးနှင့် ပတ်သက်သော ထောက်ပံ့ကူညီပေးမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အဆင့်မြင့်ပညာရေးမှာ အရည်အသွေးအာမခံမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ တိုးပွားလာစေဖို့ ၊ တက္ကသိုလ်တွေရဲ့အရည်အသွေး အာမခံမှုစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဖို့ ၊ အရည်အသွေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လေ့ကျင့်မှုနဲ့ အကဲဖြတ်မှုစနစ်တွေကို နိုင်ငံအတွင်းမှာ လက်တွေ့ကျင့်သုံးနိုင်ဖို့ ရည်ရွယ်ထားပါသည်။

ထိုဆွေးနွေးပွဲသို့ ရန်ကုန် ၊ မန္တလေးတက္ကသိုလ်နှင့် မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်တို့အပါအ၀င် မြန်မာနိုင်ငံရှိ တက္ကသိုလ် ၂၂ ခုမှ သင်ကြားရေးနှင့်ဆိုင်သော ဆရာ ၊ ဆရာမ စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့ပါသည်။

စီအယ်လ်အမ်နိုင်ငံများတွင် မူလက ဗီယက်နမ်ပါရှိ၍ CLMV နိုင်ငံများဟု ခေါ်ဆိုသော်လည်း ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများအဖြစ်မှ လွန်မြောက်လာပြီဖြစ်သဖြင့် အေဒီဘီ၏ ထောက်ပံ့ပေးမှုတွင် မပါဝင်တော့ခြင်းဖြစ်ကြောင်း ၊ ယင်းဆွေးနွေးနှင့် သင်တန်းမှာ အေဒီဘီ၏ ပံ့ပိုးကူညီမှု အစိတ်အပိုင်း ဖြစ်ကြောင်း သိရသည်။

ဒေသတွင်းရှိ တက္ကသိုလ်များ ပူးပေါင်းပါဝင်လာခြင်းကြောင့် Asean University Network ၏ အရည်အသွေးအာမခံမှုစနစ်များကို ပိုမိုကျယ်ပြန့်လာစေရန်ဖြစ်ပါသည်။

အာဆီယံတက္ကသိုလ်ကွန်ရက်မှ ကျွမ်းကျင်ပညာရှင်များ ၊ အေဒီအေမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များ၏ သင်ကြားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Source: မြန်မာ့အလင်း

News Read 2125 times