ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ ရမှတ် ၃၆၀ နှင့်အထက်ရရှိပါက နည်းပညာတက္ကသိုလ်များ လျှောက်ထားနိုင်

ယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများ ရမှတ် ၃၆၀ နှင့်အထက်ရရှိပါက နည်းပညာတက္ကသိုလ်များ လျှောက်ထားနိုင်

နည်းပညာတက္ကသိုလ်များ၏ ယခုနှစ်ပထမနှစ်ဘွဲ့ကြိုတန်းအတွက် အမျိုးသား ၆၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၄၀ ရာခိုင်နှုန်း သတ်မှတ်ကာ ၀င်ခွင့်ပေးသွားမည် ဖြစ်ကြောင်း နည်းပညာနှင့် သက်မွေးပညာ ဦးစီးဌာနမှ သိရသည်။

နှစ်စဉ်ခေါ်ယူနေကျအတိုင်း ကျောင်းအားလုံးဆိုရင် ငါးထောင်လောက်ပါပဲ။ ဦးစားပေးအစီအစဉ်အရ ဖော်ပြထားမယ့် တက္ကသိုလ်တွေကို တင်ခွင့်ရမှာပါ။

READ - မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ပုံစံမပြောင်းလဲဘဲ ယမန်နှစ်မျာကအတိုင်း ခေါ်ယူမည်

နည်းပညာတက္ကသိုလ်များကို လျှောက်ထားမည့် ကျောင်းသားများအနေဖြင့် မိမိတို့ တက်ရောက်မည့် တက္ကသိုလ်၏အမည်နှင့် နည်းပညာတက္ကသိုလ် တည်ရှိရာမြို့များကို ဦးစားပေးအစဉ်လိုက် ထည့်သွင်းလျှောက်ထားရမည် ဖြစ်သည်။

နည်းပညာတက္ကသိုလ်များ၏ ပညာသင်နှစ်သည် ၆ နှစ်ဖြစ်ပြီး ပေးအပ်သည့်ဘွဲ့မှာ ဘီအီးဘွဲ့ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဦးစားပေး လျှောက်ထားသောကျောင်းများတွင် အမှတ်မမီခြင်း၊ သတ်မှတ်အရေအတွက် မပြည့်မီမှုများကြောင့် တက်ရောက်ခွင့်မရရှိပါက ဦးစားပေ အစဉ်လိုက် အမှတ်မီသော နည်းပညာတက္ကသိုလ်များ တွင် တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းပညာတက္ကသိုလ်ပေါင်း ၃၀ ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူ ၃၀၀၀၀ ကျော် ပညာသင်ယူလျက် ရှိကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 55298 times