၁၄ နှစ်ဆက်တိုက် ခွင့်ရက်မပျက်သော ဆရာ၊ ဆရာမများကို ကမ္ဘာ့ဆရာများနေ့တွင် ဆုချီးမြှင့်မည်

၁၄ နှစ်ဆက်တိုက် ခွင့်ရက်မပျက်သော ဆရာ၊ ဆရာမများကို ကမ္ဘာ့ဆရာများနေ့တွင် ဆုချီးမြှင့်မည်

၁၄နှစ်ဆက်တိုင်နှင့်အထက် ခွင့်ရက်မပျက်သော ဆရာ၊ ဆရာမများကို ကမ္ဘာ့ဆရာများနေ့ အောက်တိုဘာ ၅ရက် တွင် ဆုချီးမြှင့်နိုင်ရန် ၁၄နှစ်ဆက်တိုက် ခွင့်ရက်မပျက်သော ဆရာ၊ဆရာမများ စာရင်း ရွေးချယ်ပြုစုပေးပို့ရန် အခြေခံပညာ ဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးရုံးများသို့ အကြောင်းကြားစာကို စက်တင်ဘာ ၁၂ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ကမ္ဘာ့ဆရာများနေ့တွင် ဆုချီးမြှင့်နိုင်ရန်အတွက် ယခင်နှစ်ကပေးပို့ထားသောစာရင်းမှ အများဆုံးခွင့်ရက်မပျက်သူ ၁၂ ဦးအား စက်တင်ဘာ ၁၇ရက်အထိ ခွင့်ယူမှုမရှိသေးသည့် အခြေအနေကို အတည်ပြုနိုင်ရန် ခိုင်လုံသော အထောက်အထားများ၊ မှတ်တမ်းများ၊ အမှုထမ်းစာအုပ်များ စသည်တို့နှင့် တိုက်ဆိုင် စိစစ်ပြီး ၎င်းအထောက်အထားများကို ချိတ်ပိတ်၍ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးမှ အရာထမ်းတစ်ဦးကိုယ်တိုင် အခြေခံပညာဦးစီးဌာန စီမံကိန်းစာရင်းအင်း မှတ်တမ်း ဌာနခွဲသို့ စက်တင်ဘာ ၁၈ရက် နောက်ဆုံးထား၍ မပျက်မကွက် လာရောက်ပေးပို့ရန် အကြောင်းကြားစာ ထုတ် ပြန်ထားခြင်းဖြစ်သည်။

ခွင့်ယူခဲ့ခြင်းရှိပါကလည်း ခွင့်ယူခဲ့သည့် အထောက်အထားများကို တင်ပြရမည်ဖြစ်ကြောင်း၊ ပင်စင်ယူပါကလည်း အထောက်အထားများဖြင့် ဖော်ပြရန်ဖြစ်ကြောင်း၊ စက်တင်ဘာ ၁၇ရက်အထိ ၁၄ နှစ်ဆက်တိုက်ခွင့် ရက်မပျက် သူ ၁၂ ဦးအပြင် ကျန်ရှိ သေးပါက ထပ်မံဖြည့်စွက်နိုင်ရန်ထပ်မံ အဆိုပြုနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်များနှင့် ကျောင်းများသို့ အချိန်မီသိရှိနိုင်ရေး၊ သတ်မှတ်ချက်နှင့် ပြည့်စုံသူများ မကျန်ရှိစေရေးအတွက် ဂရုပြုဆောင်ရွက်နိုင်ရန်နှင့် သတ် မှတ်ချက်နှင့် ပြည့်စုံသူ မရှိပါကလည်း မရှိကြောင်း ပြန်ကြား ပေးရန် အဆိုပါအကြောင်းကြားစာတွင် ဖော်ပြထားသည်။

၂၀၁၇ခုနှစ် အောက်တိုဘာ ၅ရက်တွင် ကျရောက် မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား၌ အများဆုံးကျောင်းတက်ရက်မပျက်ဘဲ (ရှောင်တခင်ခွင့် အစရှိသည့်) သင်ကြားရေး ဘာသာရပ်တွင် ထူးချွန် ကျွမ်းကျင်စွာ သင်ကြားနေသော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ဆရာ၊ ဆရာမများ အနက်မှ အချက် အလက်အထောက်အထားနှင့် ပြည့်စုံသည့် ဆရာ၊ ဆရာမ ခြောက်ဦးအား ခွင့်ရက်မပျက်ဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: စံတော်ချိန်

News Read 2264 times