သင်ကြားသည့်ဘာသာရပ်နှင့်စစ်ဆေးမည့်ဘာသာရပ် ကိုက်ညီမှသာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးမှုတာဝန်ပေးရန် ညွှန်ကြား

သင်ကြားသည့်ဘာသာရပ်နှင့်စစ်ဆေးမည့်ဘာသာရပ် ကိုက်ညီမှသာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးမှုတာဝန်ပေးရန် ညွှန်ကြား

တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ စစ်ဆေးရန်အထက် တန်းပြလုပ်သက်အနည်းဆုံး သုံးနှစ်ရှိသည့် ဆရာ၊ ဆရာမများကို သာ ရွေးချယ် တာဝန်ပေးရမည် ဖြစ်သည်။

‘‘အခု သူဘယ်ဘာသာသင် နေလဲ၊ သင်တဲ့ဘာသာရပ်ကိုပဲ စစ်ဆေးမှ အမှားအယွင်းနည်းမှာ။ အဲဒါကြောင့် ဘာသာရပ်နဲ့ကိုက် အောင်ခေါ်ဖို့ပြောတာပါ။ ဆရာ တို့က အခြေခံပညာဘက်က စာ စစ်မယ့်ဆရာ၊ ဆရာမအရေအ တွက်ဘယ်လောက်လိုတယ်ပြော လိုက်တယ်။ ဒီအချက်တွေ လို တယ်ပြောလိုက်တယ်။ ကျန်တာ အခြေခံပညာဦးစီးဌာနကကျောင်း တွေကို ဆက်ညွှန်ကြားတာ’’ ဟု ဦးမျိုးညွန့်က ပြောသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲအဖြေလွှာများ စစ်ဆေးရန် တက္ကသိုလ်ဆရာ၊ ဆရာမများနှင့် အခြေခံပညာ အထက်တန်းပြ ဆရာ၊ ဆရာမ များအားတာဝန်ပေး မည်ဖြစ်ပြီး သင်္ကြန်မတိုင်မီ အဖြေ လွှာစစ်ဆေးရန် သတ်မှတ်ထား သည့် တက္ကသိုလ်များသို့ သွား ရောက် စစ်ဆေး ရမည်ဖြစ်သည်။

READ - ဆယ်တန်းမအောင်လည်း လျှောက်ထားနိုင်တဲ့ သက်မွေးပညာသင်တန်း

‘‘ကိုယ်သင်နေကျ ဘာသာ မဟုတ်ဘဲစစ်ရင် သူစစ်ထားတာ ကို Counter Check ထပ်လုပ်သူ တွေလည်း ပင်ပန်းတယ်။သူလည်း ကိုယ့်ကျွမ်းကျင်မှုမဟုတ်တော့ ပို ပြီးတာဝန်ကြီးတာပေါ့။ သင်နေ ကျဘာသာစစ်ရတော့ အကုန်လုံး အတွက် အဆင်ပြေတယ်။ ဒါပေမဲ့ လာစစ်ရတဲ့ဆရာ၊ ဆရာမတွေရဲ့ နေရေးထိုင်ရေးအဆင်ပြေအောင် လည်း တတ်နိုင်သမျှပြေလည် အောင်စီစဉ်ပေးဖို့လည်း ၀န်ကြီး ဌာနမှာ တာဝန်ရှိတယ်’’ ဟု စာ မေးပွဲအဖြေလွှာစစ်ဆေးရေး အ တွေ့အကြုံရှိ တက္ကသိုလ်ကထိက ဆရာတစ်ဦးကဆိုသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာ မေးပွဲအဖြေလွှာများစစ်ဆေးရေး ဆရာ၊ ဆရာမများစာရင်းပေးပို့ရန် ဘာသာရပ်အလိုက်စာစစ်မှူးချုပ် များက ဖေဖော်ဝါရီလဆန်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အုပ် ချုပ်ရေးမှူးရုံးများသို့ စာပို့အ ကြောင်းကြားထားသည်။

တက္ကသိုလ်ဝင်စာမေးပွဲအ ဖြေလွှာများကို နှစ်စဉ်ရန်ကုန်၊ ဒဂုံ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ကြီး၊မန္တလေး၊ မုံရွာနှင့် မကွေးတက္ကသိုလ်စာစစ် ဌာန ၁၀ ခုတွင် စစ်ဆေးသည်။

အဖြေလွှာစစ်ဆေးရန်စာစစ် ဌာနများရှိရာသို့ နီးစပ်ရာတိုင်းဒေ သကြီးနှင့် ပြည်နယ်များမှ ဆရာ၊ ဆရာမများက လာရောက်စစ်ဆေး ရပြီး ခရီးစရိတ်ကိုပညာရေးဝန်ကြီး ဌာနသို့တင်ပြကာ ပြန်လည်ထုတ် ယူရသည်။ နေထိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက စီစဉ်ပေး သော်လည်း အဆင်မပြေမှုများ နှစ်စဉ်ကြုံတွေ့ရကြောင်း ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် အထကခွဲ (အေးမွန်) မှ ကျောင်းအုပ်ကြီး ဦးအောင်ကျော်သူက ပြောသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲကို မတ်လ ၇ ရက်မှ ၁၆ ရက်အ ထိ ကျင်းပမည်ဖြစ်သည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် လျှောက်ထားသူ၈၄၀,၀၀၀ ကျော် ရှိပြီး ယခင်နှစ်ထက် ၈၀,၀၀၀ ခန့် တိုးလာသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: 7day daily

News Read 5014 times