တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား၌ မှားယွင်းမှုရှိပါက စာမေးပွဲကာလမတိုင်မီ ပြင်ဆင်ခွင့်ပြုထား

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြား၌ မှားယွင်းမှုရှိပါက စာမေးပွဲကာလမတိုင်မီ ပြင်ဆင်ခွင့်ပြုထား

“စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ရောက်ပြီဆိုတာနဲ့ ကျောင်းသားရဲ့နာမည် စာလုံးပေါင်းတွေ၊ မွေးသက္ကရာဇ်တွေ၊ အချက်အလက်တွေကို မှန်၊ မမှန် ပြန်တိုက်စစ်ပါ။ အရေးကြီးပါတယ်။ အဲဒီမှာ လွဲမှားလာတာတွေ့လို့ ပြန်ပြင်ချင်ရင်လည်း ချက်ချင်းအကြောင်းကြားပါ။ ပြန်ပြင်ပေးပါ့မယ်။ စာမေးပွဲကာလမတိုင်ခင်အထိ ပြင်ဆင်ခွင့်ပြုထားပါတယ်” ဟုပြောသည်။

READ - အောင်ပြီးပါက ပေါင်းစပ် ဘာသာရပ် ခြောက်ခု ရွေးချယ်လျှောက်နိုင်

တက္ကသိုလ်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို နှစ်စဉ် ဖေဖော်ဝါရီလအတွင်း ပြန်လည်ချထား ပေးလေ့ရှိပြီး ယင်းကတ်ပြားများ၌ ဖြေဆိုသူအမည်၊ အဖအမည်၊ မွေးသက္ကရာဇ် စသည့် အချက်များကို မှန်ကန်စွာ ဖြည့်သွင်းရန် ညွှန်ကြားထားသော်လည်း ဖြည့်သွင်းသည့် အချက်အလက် လွဲမှားမှုများ ရှိနေခြင်းကြောင့် ထိုသို့ ပြန်လည်ပြင်ဆင်ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဖြေဆိုခွင့် ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုမည့်သူများသည် မိမိတို့ဖြေဆိုမည့် စာစစ်ဌာန၏ သက်ဆိုင်ရာ ကြီးကြပ်ရေးမှူး များထံ၌ ထုတ်ယူရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေသူတင်သွင်းသော ဖြေဆိုခွင့်ကတ်ပြား၌ ဖော်ပြပါရှိသည့် ဘာသာတွဲအတိုင်းသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ကာ တခြားဘာသာတွဲကို ပြောင်းလဲဖြေဆိုခွင့် မရှိကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကတ်ပြားများကို စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

News Read 3593 times