တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အပြောင်းအရွှေ့လျှောက်ထားခြင်းကိစ္စ

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အပြောင်းအရွှေ့လျှောက်ထားခြင်းကိစ္စ

(၁) တက္ကသိုလ်ဝင်ခွင့်ရှိထားသူများသည် မိမိဝင်ခွင့်ရရှိထားသော တက္ကသိုလ်မှ အခြား တက္ကသိုလ်များသို့ ၀င်ခွင့်အမှတ်မီလျှင် ပြောင်းရွှေ့နိုင်ပါသည်။

(၂) ထိုသို့ ပြောင်းနိုင်ရန်အတွက် အောက်ပါအတိုင်း ပြုလုပ်ရပါမည်။

မိမိ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်၌ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာကို အဆိုပါဝင်ခွင့်ရ တက္ကသိုလ်၌ သွားရောက်ယူဆောင်ရပါမည်။

လိုအပ်သည့် စာရွက်စာတမ်းများ

(၁) မိမိ ဝင်ခွင့်ရရှိသည့် တက္ကသိုလ်၌ ကျောင်းဝင်မှတ်ပုံတင်ထားခြင်းမရှိကြောင်း ထောက်ခံစာ

(၂) အမှတ်စာရင်းမိတ္တူ

(၃)အောင်လက်မှတ်မိတ္တူ၊

(၄)အိမ်ထောင်စုစာရင်းမိတ္တူ၊

(၅) မှတ်ပုံတင် မိတ္တူ တို့ကိုယူဆောင်၍ အဆင့်မြင့်ပညာဦးစီးဌာန၊ တက္ကသိုလ်ဝင် စိစစ်ရွေးချယ်ရေးအဖွဲ့၊ (သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့) သို့ သွားရောက်၍ မိမိတက်ရောက်လိုသည့် တက္ကသိုလ်သို့ ပြောင်းရွှေ့ခွင့်ကို လျှောက်ထားနိုင်ပါသည်။

ပြောင်းရွှေ့ခွင့်စာကို အဆိုပါဌာနမှ ရရှိပြီးသည့်အခါတွင် မိမိပြောင်းရွှေ့ခွင့်ရသည့် တက္ကသိုလ်သို့ သွားရောက် အကြောင်းကြားပြီး လူတွေ့စစ်ဆေးခြင်း၊ ကျောင်းအပ်ခြင်း အစရှိသည့် သက်ဆိုင်ရာ တက္ကသိုလ်၏ ကျောင်းဝင်ခွင့်ပုံစံအတိုင်း ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက် ရပါမည်။

တက္ကသိုလ်အပြောင်းအရွှေ့လျှောက်ထားလိုသူများကို မိမိပြောင်းရွှေ့လိုသည့် တက္ကသိုလ်၏ဝင်ခွင့်အမှတ် ပြည့်မီပြီး သတ်မှတ် ဦးရေမပြည့်သေးပါက ပြောင်းရွှေ့ခွင့်ပြုမည်ဖြစ်သည်။

ဝင်ခွင့်အမှတ်ပြည့်မီသော်လည်း သတ်မှတ်ဦးရေ ပြည့်နေပါက ပြောင်းရွှေ့ခွင့်ရမည်မဟုတ်သည့်အပြင် တက္ကသိုလ်၏ ဝင်ခွင့်အမှတ်မြင့်နေပါ က ပြောင်းရွှေ့ခွင့်ရမည် မဟုတ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ဝင်ခွင့်ရရှိပြီး ဝင်ခွင့်ရရှိသည့်နှစ်တွင် တက္ကသိုလ်များ သို့ လာရောက်ဆက်သွယ်ခြင်းမပြုသည့် ကျောင်းသား၊ ကျောင်းသူများ အား ကပ်လျက် ပညာသင်နှစ်တွင် ဝင်ခွင့်ရသည့် တက္ကသိုလ်များတွင် ဝင်ခွင့်ပြန်လည်လျှောက်ထားပါက မူလဝင်ခွင့်ရ အထူးပြုဘာသာရပ်များ အတိုင်းသာ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၌ ဝင်ခွင့်ပြုထားသော ကျောင်းသား၊ ကျောင်းသူများကို မိမိတက်ရောက်လိုသော တက္ကသိုလ် များအား သတ်မှတ်ရက်များအတွင်း ပြောင်းရွှေ့ခွင့်နှင့် လျှောက်ထား ခွင့်ပြုထားကြောင်း၊ အပြောင်းအရွှေ့ များတွင် သတ်မှတ်ချက်များ ရှိသည့်အတွက် ပြောင်းရွှေ့လိုတိုင်း ပြောင်းရွှေ့ခွင့်ပြုမည် မဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် အမှတ်နှင့် တက္ကသိုလ် သတ်မှတ်ဦးရေပြည့်မီမှုရှိ၊ မရှိအား တွက်ဆပြီးမှသာ အပြောင်းအရွှေ့ကို ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့ တက်ရောက်ခွင့်ရရှိသည့် တက္ကသိုလ်များတွင် ကျောင်းအပ်နှံနိုင်ရေးနှင့် သင်တန်းရေးရာကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ပါ ညွှန်ကြားချက်များအတိုင်း သတ်မှတ်ချိန်များအတွင်း အချိန်မီဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တစ်ပါတည်း အသိပေးကြေညာအပ်ပါသည်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

Credit- Department of Higher Education, Ministry of Education

News Read 8880 times