တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မှားယွင်းမှုရှိရင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြုမည်

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မှားယွင်းမှုရှိရင် သင်္ကြန်မတိုင်မီ ပြင်ခွင့်ပြုမည်

“ကတ်ပြားတွေ ရောက်ပြီဆို တာနဲ့ ကျောင်းသားရဲ့ နာမည် စာလုံးပေါင်းတွေက အစ ပြန်စစ်ပါ၊ မွေးခုနစ်တွေ အရေးကြီးပါတယ်၊ မှားတာရှိလို့ ပြန်ပြင်ချင်တယ်ဆိုရင် ချက်ချင်းအကြောင်းကြားပါ သင်္ကြန်မတိုင်ခင်ထိ ပြင်လို့ ရပါ သေးတယ်၊ ပြင်ပေးမှာပါ” လို့ မြန် မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြား ရေး မှူးချုပ် ဦးမျိုးညွန့်က ပြောပါ တယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီလအတွင်း ပြန်လည် ချထား ပေးမှာ ဖြစ်ပြီး ကတ်ပြားတွေ ပြန် လည်ရောက်ရှိလာတာနဲ့ တစ်ပြိုင်နက် ဖြည့်သွင်းထားတဲ့ ကျောင်းသားရဲ့ အချက် အလက်တွေ မှန်မမှန် ဆိုတာ ပြန်လည် တိုက်ဆိုင် စစ်ဆေးဖို့ လိုတယ် လို့ သိရပါ တယ်။

READ - သင်ကြားသည့်ဘာသာရပ်နှင့်စစ်ဆေးမည့်ဘာသာရပ် ကိုက်ညီမှသာ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးမှုတာဝန်ပေးရန် ညွှန်ကြား

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားတွေမှာ ဖြေဆို သူအ မည်၊ အဖအမည်၊ မွေးသက္ကရာဇ်စတဲ့ အချက်တွေကို မှန်ကန်အောင် ဖြေဆို ဖို့ ညွှန်ကြားထားပေမဲ့ အမှန် တကယ်ဖြည့်သွင်းတဲ့ အခါမှာ အချက်အလက် လွဲမှားမှုတွေ ရှိနေတာကြောင့် အခုလို ပြင်ဆင်ခွင့်ပြုတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားသူဦးရေ မြန်မာတစ် နိုင်ငံလုံး အတိုင်း အတာအရ ရှစ်သိန်း ကျော်ရှိ တယ်လို့ မြန်မာနိုင်ငံ စာစစ်ဌာနရဲ့ စာရင်းတွေအရ သိရ ပါတယ်။

တက္ကသိုလ် ဝင်တန်း ဖြေဆိုခွင့်ကတ်ပြားတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး အ ခြေခံ ပညာ အထက်တန်း ကျောင်းတွေက သက်ဆိုင်ရာ ကျောင်းအုပ် ကြီးဆီမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။

အခြေခံပညာ အထက်တန်းကျောင်းခွဲနဲ့ တွဲဖက်ကျောင်းတွေ အပါအဝင် ကိုယ်ပိုင်အထက်တန်း ကျောင်းတွေက ဖြေဆိုမယ့်စာရင်း ပေးသွင်းထားတဲ့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေဆီမှာ ထုတ်ယူရမှာ ဖြစ်ပါတယ်။

ပြင်ပဖြေတွေကတော့ မိမိတို့ ဖြေဆိုမယ့် စာစစ်ဌာနရဲ့ ကြီးကြပ်ရေးမှူးတွေဆီမှာ ထုတ်ယူရမှာ ဖြစ်တယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

Source: Kumudranews

News Read 2194 times