ဆယ်တန်းအောင်မြင်ပြီးသူများအနေဖြင့် အခြေခံပညာရေး ပြီးဆုံးပြီးနောက် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ကြားရတော့မှာ ဖြစ်ပါတယ်။
လူငယ်တွေအတွက် အဆင့်မြင်ပညာရေးကို သင်ယူတဲ့နေရာမှာ တက္ကသိုလ်ပညာရေး လမ်းကြောင်း ရွေးချယ်မှု ဟာလည်း မိမိတို့ရဲ့ အနာဂတ် ဘဝရပ်တည်မှုအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်တဲ့အတွက်ကြောင့် လူငယ်များ နဲ့ မိဘများပါ သေချာစဉ်းစားဆုံးဖြတ်ရလေ့ရှိတဲ့ ရွေးချယ်မှု တစ်ခုလည်းဖြစ်ပါတယ်။
(၁) ကိုယ်ရဲ့ ၀ါသနာနဲ့ ရည်မှန်းချက် ကိုက်ညီတဲ့ ရွေးချယ်မှုမျိုး ဖြစ်ရမယ်။
- မိမိရွေးချယ်မှုများဟာ မိမိဝါသနာနဲ့ လုံးဝဆန့်ကျင်ဘက်မဖြစ်စေပဲ ရွေးချယ်မှုမှန်ကန်အောင် လုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။ ၀ါသနာကို အခြေခံတဲ့ သင်ကြားမှုတွေဟာ ကိုယ့်ဘဝအတွက် ပိုပြီးထိရောက်မှုရှိစေတာ အမှန်ပါပဲ။ ဒါ့ကြောင့် မိမိဝါသနာ နဲ့ ရည်မှန်းချက်တို့ကို အရင်ဆုံးစဉ်းစားဖို့လိုအပ်ပါတယ်။
(၂) အနာဂတ်အတွက် အမှန်တကယ် အသုံးဝင်ပြီး အထောက်အပံ့ဖြစ်စေမယ့် ပညာရေးမျိုး ဖြစ်ရပါမယ်။
- ယခုအချိန်မှာ လူငယ်တွေအတွက် ပညာသင်ကြားခြင်းဟာ နောင်တစ်ချိန် အနာဂတ်ဘဝရပ်တည်မှုအတွက် ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိရွေးချယ်မယ့်လမ်းကြောင်းဟာ အနာဂတ်မှာကြုံတွေ့ရမယ့် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် အထောက်အကူတစ်ခု ဖြစ်သင့်ပါတယ်။
- ၂၁ရာစုမှာ လူငယ်တွေအတွက် မိမိရဲ့ သက်ဆိုင်ရာ နယ်ပယ်မှာတင် ကျွမ်းကျင်မှု (Technical and Hard Skill) တစ်ခုတည်း ရှိရုံသာသာမက အခြား လိုအပ်တဲ့အရာတွေဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေး၊ စီမံခန့်ခွဲရေး၊ ဆန်းသစ်တီထွင်ခြင်း နဲ့ စည်းရုံးဆောင်ရွက်မှု စတဲ့ (Soft Skill) တွေကိုပါ လိုအပ်လာပြီဖြစ်ပါတယ်။
- ယခုအချိန်မှာ မိမိအတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းများကို သင်ယူထားရုံသာမက ကိုယ်လုပ်ငန်းခွင် ၀င်ရောက်တဲ့ အခါမှာ လိုအပ်လာနိုင်မယ့် ကွက်လပ်တွေကိုပါ ဖြည့်ဆည်းပေးနိုင်မယ့် မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ဖို့လိုပါတယ်။
(၃) လက်တွေ့လေ့လာသင်ကြားနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ရပါမယ်။
- တက္ကသိုလ်ရွေးချယ်တဲ့အခါ ကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားပို့ချပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းနဲ့ ဗဟုသုတ ပြည့်စုံကြွယ်ဝမှုဟာလည်း အရမ်းကို အရေးပါပါတယ်။
- သင်ခန်းစာများကို လေ့လာသင်ယူတဲ့အခါ စစ်မှန်တဲ့ပညာရေးကို သင်ယူခွင့်ရရှိခြင်းအပြင် တကယ့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်ထဲက စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများ၊ လက်တွေ့လုပ်ဆောင်နေ သူများနဲ့အတူ ဗဟုသုတပြည့်စုံတဲ့ ဆရာ၊ဆရာမများနဲ့ ဆုံတွေ့ခွင့်ရတာဟာလည်း မိမိအတွက် အဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။
READ - ဆယ်တန်းအောင်ပြီးရင် ဘယ်တက္ကသိုလ် ရွေးချယ် တက်ရမလဲ?
(၄) အရည်အသွေးပြည့်မီပြီး စစ်မှန်တဲ့ ပညာရေးစနစ်ကို သင်ကြားပို့ချပေးနေတဲ့ တက္ကသိုလ်တစ်ခု ဖြစ်ရပါမယ်။
- မိမိရွေးချယ်လိုက်တဲ့ ပညာရေးလမ်းကြောင်းမှာ ကိုယ်တက်ရောက်ရမည့် တက္ကသိုလ်ဟာ လည်း အရည်အသွေးပြည့်မီတဲ့ စစ်မှန်ကောင်းမွန်တဲ့ ပညာရေးကို ပိုချပေးနေပြီး မိမိရဲ့ စိတ်ဝင်စားမှု၊ ဝါသနာနဲ့ ကိုက်ညီတဲ့ ဘာသာရပ်တွေကို သင်ယူခွင့်ရနိုင်ဖို့လည်း အရေးကြီးပါတယ်။
(၅) တက္ကသိုလ်ရွေးချယ်တဲ့နေရာမှာ စုစုပေါင်းကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
- ကျောင်းသားတွေအနေနဲ့ရော မိဘတွေအနေနဲ့ပါ တက္ကသိုလ်ရွေးချယ်တဲ့နေရာမှာ စာသင်နှစ်တစ်လျှောက် ကုန်ကျမယ့် ကုန်ကျစရိတ်စုစုပေါင်းကိုလည်း သေချာတွက်ချက် စဉ်းစားဖို့လည်းလိုအပ်ပါတယ်။=
- နိုင်ငံခြားတက္ကသိုလ်များသို့ သွားရောက်တက်မယ်ဆိုရင် ကျောင်းလခတစ်ခုတည်းသာမက တခြားထည့်သွင်း စဉ်းစားရမယ့် အချက်တွေကတော့ လူနေမှုစရိတ်၊ လူမှုရေးကုန်ကျစရိတ်နဲ့ အထွေထွေ အသုံးစရိတ်တွေပဲ ဖြစ်ပါတယ်။
- အခုဆိုရင် လူငယ်များအနေနဲ့ နိုင်ငံရပ်ခြားတက္ကသိုလ်များအထိ သွားရောက်စရာမလိုပဲ မိမိတို့ စိတ်ဝင်စား တဲ့ ပညာရပ်တွေကို နိုင်ငံတကာအဆင့်မီပညာရေးစနစ်အတိုင်း မြန်မာနိုင်ငံမှာပဲ ကုန်ကျစရိတ် သက်သက်သာသာနဲ့ တက်ရောက်သင်ယူနိုင်ပြီဖြစ်ပါတယ်။
(၆) အမှတ်ရစရာ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဘ၀ကို ပေးစွမ်းနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုလည်း ဖြစ်ရပါမယ်။
- တက္ကသိုလ်ပညာရေးဆိုတာ ပညာသင်ကြားမှုတစ်ခုတည်းကိုပဲ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။
- လူမှုဆက်ဆံရေးတွေ စိတ်ဓာတ်ခံယူချက်တွေကို လေ့ကျင့်ပျိုးထောင်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ အတွက် အားကစားနဲ့ အနုပညာလှုပ်ရှားမှုတွေ ကျောင်းသားဘ၀ ပျော်ရွှင်မှုတွေ အကုန်လုံးကို အချိုးကျ ပါဝင်လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။
- ဒါကြောင့် ဒီအချက်တွေကို လည်း မိမိရဲ့ အဆင့်မြင့်ပညာရေး ရွေးချယ်တဲ့နေရာမှာ ထည့်သွင်း စဉ်းစားဖို့လိုအပ်ပါတယ်။
(၇) တက္ကသိုလ်တစ်ခုဟာဆိုရင် ကျောင်းတစ်ကျောင်းမှာ ရှိသင့်ရှိထိုက်တဲ့ ကျောင်းအင်္ဂါရပ်တွေနဲ့လည်း ပြည့်စုံရပါမယ်။
- ကျောင်းသူ၊ ကျောင်းသားတွေအတွက် တက္ကသိုလ်ကျောင်းသားဘဝကို အပြည့်အဝခံစားရနိုင်မယ့် ကျယ်ဝန်းပြီး လုံခြုံစိတ်ချရတဲ့ ကျောင်းပတ်ဝန်းကျင်၊ ကျောင်းဝင်းတို့အပြင် သက်တောင့်သက်သာနဲ့ စာသင်ယူနိုင်မယ့် စာသင်ခန်းများ၊ ဗဟုသုတနဲ့ စာပေဖတ်ရှုလေ့လာနိုင်မယ့် စာကြည့်တိုက်၊ ကျောင်းသူ၊ ကျောင်းသားများ လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့အတွက် နေရာများ၊ ကိုယ်ကာယကြံခိုင်မှုနဲ့ အားကစားဖွံ့ဖြိုးမှု အတွက် အားကစားခန်းမများ၊ လွယ်ကူသက်သာစွာ စားသုံးနိုင်မည့် ကျောင်းကန်တင်း စတဲ့ အရာတွေလည်းရှိရမှာ ဖြစ်ပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: MIC