ဆယ်တန်းအောင်ချက်မြင့်မားဖို့အတွက် ဆရာ၊ ဆရာမများကို သင်ကြားသည့် ဘာသာရပ်နှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်မည်

ဆယ်တန်းအောင်ချက်မြင့်မားဖို့အတွက် ဆရာ၊ ဆရာမများကို သင်ကြားသည့် ဘာသာရပ်နှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်မည်

ယခု တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် သင်ခန်းစာ များကို သင်ကြားရာတွင် ဘာသာရပ်ကျွမ်းကျင်မှုရှိပြီး ဘာသာရပ်ကိုက်ညီသော ဆရာ၊ ဆရာမများဖြင့် သင်ကြားပြီး စာမေးပွဲအောင်ချက်မြင့်မားစေရန်အတွက် လက်ရှိသင်ကြားနေသော အထက်တန်းပြဆရာ/ဆရာမများသည် ဘာသာရပ်များ ကိုက်ညီမှု ရှိ/မရှိနှင့် ဆရာအင်အား လုံလောက်မှု ရှိ/မရှိကို အခြေခံပညာအထက်တန်းကျောင်းအုပ်များဖြင့် စိစစ်ပြီး ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း အခြေခံ ပညာဦးစီးဌာနမှ သိရပါတယ်။

READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း အပြီးပြောင်းရွှေ့ရမည်

“လက်ရှိသင်နေရတာ ဆရာမလုံလောက်လို့ ကိုယ့်ဘာသာရပ်မဟုတ်တဲ့သူဝင်သင်ရင် ကလေးတွေ အတွက် အခက်အခဲဖြစ်မယ်၊ ဆရာတွေလည်း ပိုပင်ပန်းတယ်။

ဘာသာရပ်ကိုက်ညီမှုမရှိရင် သင်ကြားရေးဟာလည်း ထိရောက်မှာ မဟုတ်တဲ့အတွက် လက်ရှိသင်နေတဲ့ ဆရာတွေက ဘာသာရပ်ကိုက်ရဲ့လား၊ ဆရာအင်အားရော လုံလောက်မှုရှိရဲ့လားဆိုတာကို ကျောင်းတွေကို တောင်းထားတယ်။

ကျောင်းတွေက တင်ပြလာတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့ လိုအပ်တာကို ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်ရမှာပေါ့” ဟုအခြေခံပညာ ဦးစီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

ယခုနှစ်မတ်လအထိ ပညာရေးဝန်ကြီးဌာနမှ အထက်တန်းပြ ဆရာ/ဆရာမ လေးသောင်းတစ်ထောင် ကျော်ခန့် ထားပေးခဲ့သော်လည်း အထက်တန်းပြဆရာ၊ ဆရာမ လိုအပ်ချက်မှာ ခြောက်ထောင်ကျော်အထိ ရှိနေသေးကြောင်း လက်ရှိပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက်မှာ ကျေးလက်ထက် မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ပိုမို လိုအပ်လျက်ရှိ ကြောင်း သိရပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Democracy

News Read 2824 times