မေဂျာပြောင်းလျှောက်ထားမှုကို ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ကျောင်းသား၊ ကျောင်းသူများအားလုံး လျှောက်ထားနိုင်မည် ဖြစ်သည်။
သို့သော် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိခဲ့သော အမှတ်စာရင်းအရ မိမိပြောင်းလိုသည့်မေဂျာ အနိမ့်ဆုံးရမှတ် သတ်မှတ်ချက်နှင့် စုစုပေါင်း အမှတ်သတ်မှတ်ချက်ကို ပြည့်မီမှသာ လျှောက်ထားနိုင်မည် ဖြစ်သည်။
READ - ကျောင်းပြောင်းဖို့နဲ့ မေဂျာပြောင်းဖို့ ဘာတွေလိုအပ်လဲ
မေဂျာပြောင်းလျှောက်ထားသည့်အခါ -
(၁) အိမ်ထောင်စုစာရင်း မိတ္တူ
(၂) နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ
(၃) တက္ကသိုလ်ဝင်တန်း အမှတ်စာရင်း
(၄) ကျောင်းသားကတ်
(၅) မူလသင်ယူခဲ့သည့် အထူးပြုဘာသာရပ်၊ ပါမောက္ခဌာနမှူး ထောက်ခံစာ
(၆) ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာတို့ကို ကျောင်းသားရေးရာဌာနသို့ တစ်ပါတည်းယူဆောင်သွားရမည် ဖြစ်သည်။
မေဂျာပြောင်းသည့်အခါ ဝိဇ္ဇာဘာသာရပ်မှ သိပ္ပံဘာသာရပ်သို့ပြောင်းလျှင် ငွေလက်ခံဌာနတွင် သိပ္ပံလက်တွေ့ကြေး ပေးဆောင်ရမည်ဖြစ်သည်။
တက္ကသိုလ်ပေါ်မူတည်ပြီး မေဂျာပြောင်းလျှောက်ထားမှုကို ကျောင်းမအပ်မီ သို့မဟုတ် ကျောင်းအပ်ပြီး လျှောက်ထားရမည်ဖြစ်သည်။
ဆိုလိုသည်မှာ အချို့တက္ကသိုလ်များက သက်ဆိုင်ရာနှစ်အတွက် ကျောင်းမအပ်မီ မေဂျာပြောင်းလျှောက်ထားခိုင်းသောကြောင့် ဖြစ်သည်။
အသေးစိတ်အချက်အလက်များကိုမူ သက်ဆိုင်ရာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနနှင့်၊ ကျောင်းသား သမဂ္ဂများ ကို မေးမြန်းနိုင်မည်ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်
Source: thevoice