• ကျောင်းသားများက အိုင်ကွန်တစ်ခုကို နှစ်ကြိမ်ဆက်တိုက် ကလစ် (double click) လုပ်၍ ဖွင့်နိုင်ရမည်။ မျက်နှာပြင်ကို ထိတွေ့ အသုံးပြုနိုင်ရမည်။ Trackpad မျက်နှာပြင်ကို ထိတွေ့၍ ရွေ့လျားကလစ် နိုင်ရမည်။
• ကျောင်းသားများအနေဖြင့် ဧည့်သည့် အကောင့်ကိုသုံး၍ ကွန်ပြူတာစက်တစ်ခုအတွင်းသို့ ဝင်ရောက် အသုံးပြုနိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် သူကိုယ်တိုင် အမှီအခို ကင်းစွာ၊ ပုံဆွဲခြင်း၊ ပုံများ ဖန်တီးခြင်း သို့မဟုတ်၊ ဆော့ဖ်ဝဲယားသုံး၍ ပုံများ ဖန်တီးနိုင် သင့်သည်။
၁-တန်း
• ကျောင်းသားများအနေဖြင့် Tool bar (ကိရိယာ ဘားတန်း)၊ မှတ်တမ်း (document)၊ ဘရောက်ဇာ (Browser)၊ ပရင့်တာ (Printer)၊ ရွေးချယ်စရာ အမျိုးအမည် (Menu) စသည့် ဝေါဟာရများကို သိရှိ သင့်သည်။
• ကျောင်းသားများအနေဖြင့် ကိရိယာဘားတန်း (Tool bar) ပေါ်တွင် ကလစ်မလုပ်ဘဲ၊ ရွေးချယ်စရာများ သွားရောက် ရှာဖွေနိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် အပေါ်မှကျလာသော ရွေးချယ်စရာ အမျိုးအမည်များကို မှတ်မိနေကာ၊ သုံးစွဲနိုင်ရမည်။
• ကျောင်းသားများအနေဖြင့် အမည်နှင့် စကားဝှက် (Username and password) ကို ထည့်သွင်း၍ ကွန်ပြူတာစက်တစ်ခုကို ဝင်ရောက် အသုံးပြု နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ဝက်ဘ်စာမျက်နှာ ဘရောက်ဇာ တစ်ခုကို ဖွင့်တတ်သင့်သည်။
၂-တန်း
• ကျောင်းသားများအနေဖြင့် တက်ဘ် (Tab)၊ ဇယား (Spreadsheet)၊ ချိတ်ဆက်ရန် လင့်ခ် (Hyperlink)၊ ဖြတ်လမ်းတိုနည်း (Shortcut) ဟူသော ဝေါဟာရများကို သိရှိ နားလည်သင့်သည်။
• ကျောင်းသားများအနေဖြင့် ရုပ်ပုံအပေါ် ညာဖက် ကလစ်ကို နှိပ်၍ မိတ္တူကူးရန်သော်လည်းကောင်း၊ သိမ်းဆည်ရန်သော်လည်း ဆောင်ရွက်နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ကိုယ်တိုင် အမှီအခိုကင်းစွာ ဖိုင်များကို နေရာရှာဖွေခြင်း၊ ဖွင့်ခြင်း၊ အမည်ပေးခြင်း၊ သိမ်းဆည်းခြင်း ပြုနိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် လွယ်ကူသောဆလိုဒ် တင်ပြမှုများကို ပုံများ၊ စာများ ရောစပ်၍ ပြုလုပ်နိုင် သင့်သည်။
၃-တန်း
• ကျောင်းသားများအနေဖြင့် ဖိုလ်ဒါ (Folder)၊ နေရာ ရှာဖွေခြင်း (navigate)၊ ပေါ့ဒ်ကတ်စ်လွှင့်ခြင်း (podcast)၊ ခိုးချ မရိုးမသားပြုခြင်း (plagiarism) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။
• ကျောင်းသားများအနေဖြင့် ညာဖက်ကလစ်ကို နှိပ်၍ အနီရောင် အောက်ခြေလိုင်းများ ပေါ်နေသည့် စကားလုံးများကို စာလုံးပေါင်းသတ်ပုံ စစ်ဆေး ပြင်ဆင်ခြင်း ပြုနိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ဖြတ်ယူ၊ မိတ္တူကူး၊ ပြန်ဖော်ထုတ် (cut, copy and paste) လုပ်နိုင် သင့်သည်။
• ကျောင်းသားများအနေဖြင့် ခိုင်မာ အားကောင်းသည့် စကားဝှက်များ (Passwords) ကို ဖန်တီး၊ အသုံးပြု နိုင်သင့်သည်။
၎-တန်း
• ကျောင်းသားများအနေဖြင့် မူရင်းပုံစံ (template)၊ ဆိုင်ဘာ ဗိုလ်ကျနှောက်ယှက်ခြင်း (cyberbullying)၊ အနှစ်မဲ့စာများ (spam)၊ နှင့် လူမှုမီဒီယာ (social media) ဟူသော ဝေါဟာရများကို သိရှိနားလည် သင့်သည်။
• ကျောင်းသားများအနေဖြင့် ညာဖက်ကလစ်ကို နှိပ်၍ ချိတ်ဆက်ရန်လင့်ခ် (hyperlink) တွင် “နောက်ထပ် တက်ဘ် (tab) အသစ်တွင် ဖွင့်ရန်” ဟူသည်ကို လုပ်ကိုင်နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ကိုယ်တိုင် အမှီအခို ကင်းစွာ၊ ဝက်ဘ်မှ အသံလွှင့်ရန် (podcast) အတွက် Garage Band (ဂါးရာ့ခ်ျ ဘန်းဒ်) ဆော့ဖ်ဝဲယားကို သုံး၍ အသံတည်းဖြတ် နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် အသင့်ပြင်ဆင် ထားသည့် ပုံစံ (template) ကို သုံး၍ လွယ်ကူသည့် ဝက်ဘ်စာမျက်နှာ တစ်ခုကို တည်းဖြတ်နိုင်သင့်သည်။
၅-တန်း
• ကျောင်းသားများအနေဖြင့် ကျမ်းကိုးစာရင်း (bibliography)၊ အပေါ်စာသား (header)၊ အောက်ခြေ စာသား (footer)၊ ရှာဖွေစက် (search engine) ဟူသော ဝေါဟာရများကို သိရှိနားလည် သင့်သည်။
• ကျောင်းသားများအနေဖြင့် မျိုးစုံသော အသုံးပြုနေမှုများမှ ကွန်ပြူတာဝင်းဒိုးစ် (Windows) ကို တစ်ပြိုင်နက်တည်း မြင်နိုင်ရန်၊ အရွယ်အစား ပြင်နိုင်ရမည်။
• ကျောင်းသားများအနေဖြင့် iMovie သို့မဟုတ် Moviemaker ကဲ့သို့သော လွယ်ကူသည့် ဗီဒီယို တည်းဖြတ်ေ ဆာ့ဖ်ဝဲယားများကို အသုံးပြုနိုင် သင့်သည်။
• ကျောင်းသားများအနေဖြင့် လွယ်ကူသည့် ဝက်ဘ်စာမျက်နှာ တစ်ခုကို၊ ယင်း၏ ပင်မပုံစံ (theme)၊ အရောင်များ၊ သို့မဟုတ် ချိတ်ဆက်ရန် လင့်ခ် (hyperlinks) များကို ပြုပြင် ပြောင်းလဲနိုင်သင့်သည်။
၆-တန်း
• ကျောင်းသားများအနေဖြင့် လွှဲပြောင်းခြင်း (transfer)၊ မူပိုင်ခွင့် (copyright)၊ မျှတလျော်ကန်စွာ အသုံးပြုခြင်း (fair use) နှင့် စိစစ်ခြင်း (filter) ဟူသည့် ဝေါဟာရများကို သိရှိနားလည် သင့်သည်။
• ကျောင်းသားများအနေဖြင့် သူတို့ရမှတ် Grade ကို အွန်လိုင်းတွင် စစ်ဆေးတတ်ရမည်။
• ကျောင်းသားများအနေဖြင့် မူရင်းပုံစံ (template) ကို အသုံးပြု၍ လွယ်ကူသည့် ဝက်ဘ်ဆိုဒ် တစ်ခုကို တည်းဖြတ်နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ကီးဘုတ် စာရိုက်ခုံကို မကြည့်ဘဲ၊ တစ်မိနစ်လျှင် စာလုံးရေ ၂၀ ရိုက်နိုင်သင့်သည်။
၇-တန်း
• ကျောင်းသားများအနေဖြင့် ဒိုမိန်း (domain)၊ ခေါင်းစီး (banner)၊ လာဆို (lasso) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။
• ကျောင်းသားများအနေဖြင့် ကိုယ်တိုင် အမှီအခို ကင်းစွာ၊ ဗီဒီယိုတည်းဖြတ် ဆော့ဝဲယားကို သုံးနိုင် သင့်သည်။
• ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၂၅ ရိုက်နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် စာမျက်နှာအများပါ စာရင်းလွှာ (multiple sheet spreadsheets ) နှင့် အခြေအနေ အလိုက်သုံး သော ဖော်မြူလာများကို အသုံးပြုနိုင်သင့်သည်။
၈-တန်း
• ကျောင်းသားများအနေဖြင့် နယ်ပယ် (field)၊ စာအုပ်ပြင်ဆင်ခြင်း (layout)၊ ဇယား (table) နှင့် ပုဂ္ဂိုလ်ရေး မှတ်တမ်း (personal portfolio) ဟူသော ဝေါဟာရများကို သိရှိနားလည်နိုင်ရမည်။
• ကျောင်းသားများအနေဖြင့် အွန်လိုင်းတွင် ကျောင်းသား၏ ကိုယ်ရေးမှတ်တမ်းကို၊ ကြီးကြပ် လမ်းညွှန်မှုဖြင့် ဖန်တီး၊ တင်ပြနိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၃၀ ရိုက်နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ဒေတာ အချက်အလက်များ စုဆောင်းရန် အွန်လိုင်း စစ်တမ်း ကောက်ယူမှုကို စတင် အသုံးပြုနိုင်သင့်သည်။
၉-၁၀-တန်း
• ကျောင်းသားများအနေဖြင့် ပစ်ဇဲ (pixel)၊ အရောင်သွေး (hue)၊ ကြားခံလွှာ (filter)၊ နှင့် ပုံရိပ် ပြတ်သားမှု (resolution) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။
• ကျောင်းသားများအနေဖြင့် ခိုးကူးခြင်း နှင့် ခိုးယူ ကူးချခြင်း၏ ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ဥပဒေကြောင်း နောက်ဆက်တွဲ ဆိုးကျိုးများကို နားလည်စေ သင့်သည်။
• ကျောင်းသားများအနေဖြင့် ရင်းမြစ်မျိုးစုံကို အသုံးပြု၍ သီးသန့် အမှီအခိုကင်းစွာ၊ သုတေသနဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့ကျင့် သင့်သည်။
• ကျောင်းသားများအနေဖြင့် ဝက်ဘ်ဆိုဒ်များကို ယင်းတို့၏ ကျိုးကြောင်းခိုင်လုံမှု၊ ယုံကြည် အားထားရမှု၊ ရည်ရွယ်ချက်များကို အကဲဖြတ်နိုင်စွမ်း ရှိသင့်သည်။
• ကျောင်းသားများအနေဖြင့် ဖိုတိုရှော့ပ် (Photoshop)၊ အီလျူစထရေးတာ (Illustrator) သို့မဟုတ် ပီကာဆာ (Picassa) အစရှိသည့် ဆော့ဖ် ဝဲယားများကို အသုံးပြု၍ ဓာတ်ပုံများကို တည်းဖြတ် နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၄၀ ရိုက်နိုင်သင့်သည်။
၁၁-၁၂ -တန်း
• ကျောင်းသားများအနေဖြင့် ပရိုတိုကော (protocol)၊ ဒိုမိန်း အမည် (domain name)၊ ဆာဗာ လမ်းကြောင်း (server path)၊ နှင့် ဒစ်ဂျစ်တယ် လှည့်စားပုံပြောင်းခြင်း (digital manipulation) ဟူသော ဝေါဟာရများကို သိရှိနားလည်သင့်သည်။
• ကျောင်းသားများအနေဖြင့် အွန်လိုင်းတွင် တင်ပြမှု၊ သို့မဟုတ် မိမိ၏ကိုယ်ရေးမှတ်တမ်းကို လေ့လာသင်ယူနေမှုကို ပြသသည့်အနေဖြင့် တင်ပြ နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် နည်းပညာ အထူးပြု၊ သို့မဟုတ် သုတေသန စာကြည့်တိုက်များကို အသုံးပြု နိုင်သင့်သည်။
• ကျောင်းသားများအနေဖြင့် ဒေတာရင်းမြစ်များမှ မှတ်တမ်းများကို စာရိုက်/စာပြင် (word processing) မှတ်တမ်းတစ်ခုထဲသို့ စုပေါင်း (merge) ပြုနိုင်ရမည်။
• ကျောင်းသားများအနေဖြင့် တစ်မိနစ်လျှင် စာလုံးရေ ၅၀ ရိုက်နိုင်သင့်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက ကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Ref: အမေရိကန်ပြည်ထောင်စု Denver Public Schools (ဒင်းဗားအစိုးရကျောင်းများ) မှ တတ်မြောက်မှု့ သတ်မှတ်ချက်များ
Credit; Aung Thu Nyeen